တောင်မော်ဦးရေတပ် ကာကင်းစခန်းများကို AA ဝင်ရောက်တိုက်ခိုက်

တောင်မော်ဦးရေတပ် ကာကင်းစခန်းများကို AA ဝင်ရောက်တိုက်ခိုက်

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ တပ်တော် (AA) က စတင်ဝင်ရောက်တိုက်ခိုက်ရာမှ စစ်အုပ်စုတပ်နှင့် နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား လျက်ရှိသည်။

“အရင်ကတော့ AA က ခုခံစစ်ပါ။ စကမ စစ်ကြောင်းထိုးလာမှ ပြန်တိုက်တာ။ အခုကတော့ AA က ကာကင်း စခန်းတွေကို ဝင်တိုက်နေပြီ။ AA က ဗျူဟာပြောင်းပြီလားတော့ မသိဘူး။ တိုက်ပွဲတွေကတော့ လက်ရှိ ဆက် ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ယခု တိုက်ခိုက်ခံနေရသည့် ကာကင်းစခန်းများမှာ တောင်မော်ဦးရေတပ်၏ အဓိက အခိုင်အမာစခန်းတစ်ခု ဖြစ်သော အဝတောင်ကျေးရွာစခန်းမှ ရှေ့ထွက်ကာကင်းများဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“စစ်တပ်က ယာယီကာကင်းစခန်းတွေ ဖြန့်ချထားတယ်။ သူတို့ စစ်တပ်ဗျူဟာ အရင်ကလို မဟုတ်ဘူး။ တပ်တွေကို ဖြန့်ခွဲပြီး ချထားတာ။ အဲဒီကာကင်းစခန်းတွေကို AA က တိုက်ခိုက်နေတာ” ဟု ၎င်းက ဆက် ပြောသည်။

စစ်အုပ်စုတပ်သည် အဆိုပါ ယာယီစခန်းများမှတစ်ဆင့် စနဲဘက်သို့ စစ်ကြောင်းထိုးရန် အကြိမ်ကြိမ် ကြိုးစားခဲ့ သော်လည်း AA ဘက်က ခုခံတားဆီးတိုက်ခိုက်မှုကြောင့် အသေအပျောက်များစွာဖြင့် နောက်ဆုတ်ခဲ့ရပြီးနောက် ယခုကဲ့သို့ ယာယီစခန်းများကို AA က ထပ်မံတိုက်ခိုက်လာခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက “အဲဒီစခန်းငယ်တွေက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပစ်တယ်။ နောက်ပြီး စစ်ကြောင်းတွေ လည်း သူတို့ကိုအမှီယူပြီး ရှေ့ကိုထိုးစစ်ဆင်တယ်။ အဲဒါနဲ့ ဒီစခန်းတွေကို ရှင်းလင်းဖို့ တိုက်ခိုက်နေပုံရတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် ကျောက်ဖြူမြို့နယ် တောင်ဘက်ရှိ မင်းပြင်၊ သိုင်းချောင်း၊ အဝတောင် စသည့် နေရာများတွင် အင်အားဖြည့်တင်းပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်နေရာများကို အကြိမ်ကြိမ် ထိုးစစ်ဆင်နေသော်လည်း အသေအပျောက်များပြားကာ အောင်မြင်မှု မရရှိဘဲ ဖြစ်နေကြောင်း စစ်ရေးရင်းမြစ်များက ပြောသည်။

(ဓာတ်ပုံ - Crd)

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...