စစ်မှုမထမ်းမနေရဥပဒေကို၂၀၂၂ခုနှစ်ထဲအကောင်အထည်ဖော်သွားဖို့စစ်ကောင်စီဥက္ကဌပြော

စစ်မှုမထမ်းမနေရဥပဒေကို၂၀၂၂ခုနှစ်ထဲအကောင်အထည်ဖော်သွားဖို့စစ်ကောင်စီဥက္ကဌပြော
၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား
၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား

စစ်မှုမထမ်းမနေရ ဥပဒေအရ  ဒီနှစ် ၂၀၂၂ ခုနှစ်ထဲမှာ အကောင်အထည်ဖော်သွားဖို့ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

“ နိုင်ငံသား စစ်မှုထမ်းဥပဒေက အဲ့မှာ နိုင်ငံသားတွေက စစ်မှုထမ်းရမယ် တစ်နှစ်တန်သည် နှစ်နှစ်တန်သည် သုံးနှစ်သန်သည် စစ်မှုထမ်းရမယ် သူ့ရဲ့ သတ်မှတ်ထားတဲ့ဟာအတိုင်း စစ်မှုထမ်းရမယ်။ တစ်နှစ်လည်းဖြစ်ရင်ဖြစ်မှာပေါ့ ၊ တစ်နှစ်ခွဲလည်းဖြစ်ရင်ဖြစ်မှာပဲ တိုင်းပြည်ရဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်ရမှာပေါ့။ဒါက လုပ်ရမှာပဲ မလုပ်လို့မရဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ဒီဥပဒက လက်ရှိအချိန်မှာပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေရှိနေခြင်းကြောင့် အကောင်အထည်ဖော်နိုင်တဲ့အပြင် ပြည်တွင်းစီးပွားရေးနဲ့ နိုင်ငံရေးတွေကြောင့်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရဥပဒေလို့လူသိများတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို  ယခင် (နအဖ) စစ်အစိုးရလက်ထက်  ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်က  ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်မှတ်ရေးထိုးပြဌာန်းခဲ့တာလည်းဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ စီးပွားရေးကို အားကောင်းလာအောင်ဆောင်ရွက်မယ့် အပြင် ပါတီစုံဒီမိုကရေစီကိုဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မြန်မာ့စီးပွားရေးကိုတော့ ကမ္ဘာ့ဘဏ်က တစ်ရာခိုင်နှုန်းသာ တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားသလို ဥရောပကုမ္ပဏီကြီးတွေကလည်း မြန်မာနိုင်ငံထဲကနေ ထွက်ခွာနေကြပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...