စစ်မှုမထမ်းမနေရဥပဒေကို၂၀၂၂ခုနှစ်ထဲအကောင်အထည်ဖော်သွားဖို့စစ်ကောင်စီဥက္ကဌပြော

စစ်မှုမထမ်းမနေရဥပဒေကို၂၀၂၂ခုနှစ်ထဲအကောင်အထည်ဖော်သွားဖို့စစ်ကောင်စီဥက္ကဌပြော
၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား
၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား

စစ်မှုမထမ်းမနေရ ဥပဒေအရ  ဒီနှစ် ၂၀၂၂ ခုနှစ်ထဲမှာ အကောင်အထည်ဖော်သွားဖို့ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

“ နိုင်ငံသား စစ်မှုထမ်းဥပဒေက အဲ့မှာ နိုင်ငံသားတွေက စစ်မှုထမ်းရမယ် တစ်နှစ်တန်သည် နှစ်နှစ်တန်သည် သုံးနှစ်သန်သည် စစ်မှုထမ်းရမယ် သူ့ရဲ့ သတ်မှတ်ထားတဲ့ဟာအတိုင်း စစ်မှုထမ်းရမယ်။ တစ်နှစ်လည်းဖြစ်ရင်ဖြစ်မှာပေါ့ ၊ တစ်နှစ်ခွဲလည်းဖြစ်ရင်ဖြစ်မှာပဲ တိုင်းပြည်ရဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်ရမှာပေါ့။ဒါက လုပ်ရမှာပဲ မလုပ်လို့မရဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ဒီဥပဒက လက်ရှိအချိန်မှာပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေရှိနေခြင်းကြောင့် အကောင်အထည်ဖော်နိုင်တဲ့အပြင် ပြည်တွင်းစီးပွားရေးနဲ့ နိုင်ငံရေးတွေကြောင့်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရဥပဒေလို့လူသိများတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို  ယခင် (နအဖ) စစ်အစိုးရလက်ထက်  ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်က  ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်မှတ်ရေးထိုးပြဌာန်းခဲ့တာလည်းဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ စီးပွားရေးကို အားကောင်းလာအောင်ဆောင်ရွက်မယ့် အပြင် ပါတီစုံဒီမိုကရေစီကိုဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မြန်မာ့စီးပွားရေးကိုတော့ ကမ္ဘာ့ဘဏ်က တစ်ရာခိုင်နှုန်းသာ တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားသလို ဥရောပကုမ္ပဏီကြီးတွေကလည်း မြန်မာနိုင်ငံထဲကနေ ထွက်ခွာနေကြပါတယ်။

ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...