စစ်ရေးကိစ္စများ အနီးကပ်တိုးမြှင့်လုပ်ဆောင်နိုင်ရန် ခရိုင်တိုးမြှင့်ခြင်းဖြစ်နိုင်ဟု ယူဆပြောဆိုမှုရှိ

စစ်ရေးကိစ္စများ အနီးကပ်တိုးမြှင့်လုပ်ဆောင်နိုင်ရန် ခရိုင်တိုးမြှင့်ခြင်းဖြစ်နိုင်ဟု ယူဆပြောဆိုမှုရှိ

အာဏာသိမ်းကာလတွင်  စစ်ရေးကိစ္စများကို အနီးကပ် တိုးမြှင့်လုပ်ဆောင်နိုင်ရန် ခရိုင်တိုးမြှင့်ခြင်း ဖြစ်နိုင်ကြောင်း ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။

"စစ်ရေးဒေသတွေမှာ အနီးကပ် လုပ်ဆောင်ချက်တွေ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ လုပ်တာမျိုးဖြစ်နိုင်တယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေမှာကလည်း နယ်နမိတ်တွေကို လိုအပ်ချက်အရ လိုသလို တိုးမြှင့်နိုင်တယ်လေ" ဟု ဦးကြီးမြင့်က ဆိုသည်။

ယခင်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ခရိုင် ၇၄ ခရိုင်သာရှိသော်လည်း လက်ရှိထွက်ပေါ်လျက်ရှိသော သတင်းများအရ နိုင်ငံအဝှမ်းတွင် ခရိုင်အသစ် ၄၂ ခရိုင် ထပ်မံသတ်မှတ်ထားသဖြင့် ၁၁၆ ခရိုင်အထိ ရှိလာမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့က လူမှုစာမျက်နှာများတွင် ထွက်ပေါ်လာသည်။

မွန်ပြည်နယ်တွင် ယခင်က မော်လမြိုင်ခရိုင်နှင့် သထုံခရိုင် ၂ ခုသာရှိပြီး ယခုအခါ ကျိုက်ထိုခရိုင်နှင့် ရေးခရိုင် ၂ ခု ထပ်မံတိုးမြှင့်ကြောင်း စာရင်းတစ်ခုထွက်ဖော်ခဲ့သော်လည်း မွန်သတင်းအဂျင်စီက အတင်ပြုနိုင်ခြင်းမရှိပေ။

ရေးမြို့နယ်ကို ခရိုင်အဖြစ်တိုးမြှင့်ရန် စီစဥ်နေသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မတိုင်မီ ဦးသိန်းစိန်လက်ထက်ကပင် စီစဥ်ခဲ့ကြောင်း မော်လမြိုင်မှ ရှေ့နေတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ကျင်းပနိုင်ဖွယ်ရှိသည့် အထွေထွေရွေးကောက်ပွဲ၌ အချိုးကျ ကိုယ်စားပြုစနစ် (PR)ကို ကျင့်သုံးရန် ခရိုင်များကို တိုးချဲ့သတ်မှတ်ထားကြောင်း နိုင်ငံရေးသုံးသပ်သူအချို့က ဆိုသည်။

နယ်နိမိတ်တိုင်းတာပိုင်းခြား သတ်မှတ်ရေးဥပဒတွင်  နိုင်ငံတော်အတွင်းရှိ တည်ဆဲဥပဒေများနှင့်အညီ သတ်မှတ်ထားသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများအတွင်းရှိ ကွင်း၊ အကွက်များ၏ မြေနယ်နိမိတ်များ တိုင်းတာခြင်း၊ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း ဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...