မြန်မာစစ်တပ်နှင့် BGF တပ်ဖွဲ့များပူးပေါင်းထိုးစစ်ဆင်၊ KNU နှင့် တိုက်ပွဲဖြစ်

မြန်မာစစ်တပ်နှင့် BGF တပ်ဖွဲ့များပူးပေါင်းထိုးစစ်ဆင်၊ KNU နှင့် တိုက်ပွဲဖြစ်

သံဖြူဇရပ်-ရေးအဝေးပြေးကားလမ်းမကြီးအရှေ့ဖက်ခြမ်းရှိ ရေးမြို့နယ်မြောက်ပိုင်း ဘေးလမိုင်းအနီးအနားတဝိုက်တွင် စစ်တပ်နှင့် ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့များ ထိုးစစ်ဆင်လျက်ရှိရာ ဒီဇင်ဘာ ၆ ရက်နေ့က ဒေသခံ KNU တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၆ ရက်နေ့ နံနက် (၉)နာရီကျော်အချိန်ခန့်တွင် ဒေသတွင်းလှုပ်ရှားလျက်ရှိသော KNLA တပ်ရင်း(၁၆) တပ်ခွဲ (၄) နှင့် မော့ကနင်အခြေစိုက် ခလရ- ၁၀၆ တပ်ရင်းတို့ ဘေးလမိုင်းကျေးရွာတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU ဒူးပလာယာခရိုင်သတင်းက ဖော်ပြသည်။

အဆိုပါတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က ၃ ဦး သေဆုံးခဲ့ကြောင်း KNU ကသတင်းထုတ်ပြန်သော်လည်း မြန်မာစစ်တပ်ဘက်က တစုံတရာသတင်းထုတ်ပြန်ခြင်း မတွေ့ရပေ။

လက်ရှိထိုးစစ်ဆင်မှုတွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်း ၁၀၂၁ နှင့် ၁၀၂၂ တို့လည်း ပူးပေါင်းပါဝင်နေကြောင်း ဘုရားသုံးဆူမြို့အခြေစိုက် BGF နှင့်နီးစပ်သောသတင်းရပ်ကွက်မှ သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာဒေသသည် နိုဝင်ဘာ ၂၄ ရက်နေ့က မော်လမြိုင်မြိုမှ ဘဏ်ငွေထုတ်ယူပြီး ရေးမြိုသို့ သယ်ဆောင်လာသော ရဲလုံခြုံရေးအစောင့်အကြပ်နှင့် မြန်မာ့စီးပွားရေးဘဏ်ကား ၂ စီး ခြုံခိုတိုက်ခိုက်ခံရသည့် နေရာအနီးတဝိုက်ဖြစ်ကြောင်း သိရသည်။

သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းမပေါ်ရှိ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် လွှတ်ရှမ်းစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့်လတွင် စစ်တပ်က ဝင်ရောက်သိမ်းပိုက်ကာ နေရာယူထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

Most read this week

August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...