ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်အမှု နိုဝင်ဘာ ၃၀ တွင် အမိန့်ချမည်ဟုဆို

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်အမှု နိုဝင်ဘာ ၃၀ တွင် အမိန့်ချမည်ဟုဆို

သထုံမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၏ အမှုကို နှစ်ဦးနှစ်ဖက် လျှောက်လွှဲချက် ပေးထားပြီဖြစ်သောကြောင့် နိုဝင်ဘာ ၃၀ ရက်တွင် အပြီးသတ် အမိန့်ချမည်ဆိုကြောင်း မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဒေါ်မာမာခိုင်ကို စစ်အာဏာရှင်ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခြင်း၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများကို လှုံဆော်ပေးခြင်း စသည့်အချက်များဖြင့် ဖမ်းဆီးကာ  ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကျိုက်မရော ဗဟိုအကျဉ်းထောင်‌တွင် ဖမ်းဆီးခံထားရကာ ကျန်းမာရေးချို့ယွင်းနေကြောင်း ဆက်ပြောသည်။

ဒေါ်မာမာခိုင်နှင့် ၄င်း၏ ခင်ပွန်းဖြစ်သူ သထုံမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်  ဦးဉာဏ်ထွန်း ကို ဖေဖော်ဝါရီ ၂၈ ရက်က ၎င်းတို့၏ နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

သို့သော် ဦးဉာဏ်ထွန်းကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးခဲ့သည်။

အလားတူ ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၅၀၅(က) အပါအဝင်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအမှု ၉ မှုဖြင့် အမှုဖွင့်အရေးယူခံထားရသည့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအမူကိုလည်း ယခုနိုဝင်ဘာလကုန်ပိုင်းတွင် အပြီးသတ် အမိန့်ချသွားမည်ဖြစ်ကြောင်း ၄င်း၏မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...