အထက်မြက်လှဲစစ်ဘေးရှောင်စခန်းမှ ကလေး ၂၈၀ ကျော်အတွက် အနွေးထည် ၁၀၀၀ ကျော်လှူဒါန်း

အထက်မြက်လှဲစစ်ဘေးရှောင်စခန်းမှ ကလေး ၂၈၀ ကျော်အတွက် အနွေးထည် ၁၀၀၀ ကျော်လှူဒါန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲစစ်ဘေးရှောင်စခန်းရှိ ကလေးငယ် ၂၈၀ ကျော်အတွက် အနွေးထည်အလုံး ၁၀၀၀ ကျော်ကို ရခိုင်အမျိုးသမီးများကွန်ရက်မှ ယခုရက်ပိုင်းအတွင်းက လှူဒါန်းခဲ့သည်။

ယခုကဲ့သို့လှူဒါန်းရန် နိုင်ငံခြားမှမိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

နောက်ထပ်လည်း အမျိုးသမီးလစဉ်သုံးပစ္စည်းများ လှူဒါန်းသွားရန်ရှိကြောင်းဆိုသည်။

အထက်မြတ်လှဲစစ်ဘေးရှောင်စခန်းတွင် ဆန်၊ ဆီ၊ ဆားအပါအဝင် စားနပ်ရိက္ခာများအခက်အခဲရှိနေကြောင်း စခန်းတာဝန်ခံ ဦးဖြူသာအောင်က ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် ခမောင်း၊ ပြိန်ချောင်း၊ သဲဝ၊ လေပွေ့၊ ငစရိုင်းစသည့် ကျေးရွာပေါင်း ၁၁ ရွာမှ စစ်ဘေးရှောင် ၆၈၀ ကျော် ခိုလှုံလျက်ရှိသည်။

ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်းက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံ ၂ သိန်းကျော်မှာ နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်ခဲ့ရသည်။

လက်ရှိ တိုက်ပွဲများရပ်တန့်နေသည်မှာ ၁ နှစ်ပြည့်ခဲ့ပြီဖြစ်ကာ စစ်ဘေးရှောင်အချို့မှာလည်း နေရပ်ပြန်မှုများရှိနေသည်။

Most read this week

ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...