ဇာတ်ပွဲများ ကပြခွင့်ပါမစ်ပြန်လည်ချပေးရန် ဇာတ်သဘင်ပညာရှင်များ တောင်းဆို

ဇာတ်ပွဲများ ကပြခွင့်ပါမစ်ပြန်လည်ချပေးရန် ဇာတ်သဘင်ပညာရှင်များ တောင်းဆို

ကိုဗစ် ပထမလှိုင်း စဖြစ်ပွားသည့်အချိန်မှ စတင်ကာ ရပ်နားထားသော ဇာတ်သဘင်ပွဲများကို ပြန်လည်ကပြခွင့် ပါမစ် ချပေးရန် တောင်းဆိုကြောင်း သဘင်ပညာရှင်များ ပြောသည်။

ယခုနှစ် ပွင့်လင်းရာသီတွင် ဇာတ်ပွဲများ ပြန်လည်ကပြခွင့်ရပါက ဇာတ်သဘင်သမားအတွက် အဆင်ပြေလာမည်ဖြစ်ကြောင်း မွန်ပြည်နယ် သဘင်အစည်းအရုံးမှ  မော်လမြိုင်မြို့နယ်တွဲဖက်အတွင်းရေးမှူး ဦးဒိုင်နာ က ပြောသည်။

ကိုဗစ်စည်းကမ်းများ နှင့် အညီ ညွှန်ကြားချက်များကို လိုက်နာမည်ဖြစ်ပြီး ဇာတ်ပွဲ ကပြခွင့် ပါမစ် ချပေးရန် တောင်းဆိုကြောင်း ဆက်ပြောသည်။

"နိုင်ငံတော်ကို တောင်းဆိုချင်တာက ပွဲပါမစ်လေးတွေ ချပေးဖို့ပါ။ ဒီဇာတ်ပွဲ ရာသီလေးမှာ နည်းနည်းလှုပ်ရှားလို့ရရင် သဘင်သည်တွေအတွက် နည်းနည်းအင်အား ဖြစ်လာမှာပေါ့"ဟု ဦးဒိုင်နာက ပြောသည်။

လက်ရှိတွင် ပွဲသဘင်များ ကပြခွင့် မရသောကြောင့် သဘင်ပညာရှင်များ စားဝတ်နေရေး ခက်ခဲနေကြောင်း ဆက်ပြောသည်။

ပွဲကခွင့် ပါမစ် ရရှိကာ ဘုရားပွဲများတွင် ဇာတ်ပွဲကပြခွင့် ရမည်ဆိုပါက အဆင်ပြေမည်ဖြစ်သောကြောင့် ပွဲပါမစ် ချပေးစေလိုကြောင်း မော်လမြိုင်မြို့နယ်မှ ဆိုင်းဆရာ တစ်ဦးက ပြောသည်။

"နယ်မြေလေးကလည်း ကောင်းမယ် ပါမစ်လေးကလည်း ရမယ်ဆိုရင် ဘုရားပွဲတွေ ကျင်းပလို့ရမယ်ဆို သဘင်သမားတွေက ပြောစရာမလိုဘူးလေ။ ဇာတ်တွေ ဘာတွေကရမယ်။ ဆိုင်းသမားဆိုလည်း ဆိုင်းတီးရမယ်ဆို အဆင် ပြေသွားတာပေါ့"ဟု ၎င်းက ပြောသည်။

လက်ရှိ ဘုရားပွဲများ၊ ပွဲတော်များ ကျင်းပနေသည့် ရာသီတွင် ပွဲကပြခွင့် ပါမစ် မရှိခြင်း၊ ကပြခွင့် မရခြင်းများကြောင်း ဇာတ်သဘင်သမားများ စားဝတ်နေရေး ခက်ခဲနေကြောင်း ဆက်ပြောသည်။

မွန်ပြည်နယ်တွင် မြန်မာဇာတ်သဘင် ၃၅ ဇာတ်နှင့် မွန်ဇာတ်သဘင် ၈ ဇာတ်ရှိခဲ့ပြီး ကိုဗစ်ပထမလှိုင်း စတင်ဖြစ်ပွားသည့် အချိန်မှ စတင်ကာ လက်ရှိအချိန်ထိ ဇာတ်သဘင်ပွဲများ ကပြခွင့်ကို ရပ်နားခဲ့ရသည်မှာ ၂ နှစ်နီးပါးရှိတော့မည် ဖြစ်သည်။

Most read this week

August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...