ရေးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား၊ ဆေးခြောက်နှင့် ဘိန်းစာရွက်များဖမ်းမိ

ရေးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား၊ ဆေးခြောက်နှင့် ဘိန်းစာရွက်များဖမ်းမိ

မွန်ပြည်နယ်၊ ရေးမြိုနယ် ခေါဇာနယ်မြေတွင် စိတ်ကြွရူးသွပ်ဆေးပြား၊ ဆေးခြောက်  နှင့် ဘိန်းစာရွက်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကိုးမိုင်ကျေးရွာနေထိုင်သူ မိုးဦး၏ နေအိမ်ကို နိဝင်ဘာ ၁၄ ရက် နေ့လည်တွင် သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ၄င်း၏နေအိမ်အတွင်းနှင့် ခြံဝင်းအတွင်း၌ စိတ်ကြွဆေးပြား ၁၆၂၂ ပြား၊ ဆေးခြောက် အလေးချိန် ၁၀၀ ဂရမ် နှင့် ဘိန်းစာရွက် အလေးချိန် ၄၀၀ ဂရမ်တို့အား ခေါဇာနယ်မြေရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေတွေ့ရှိကာ ဖမ်းဆီးခဲ့သည်။

သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြား၊ ဆေးခြောက် နှင့် ဘိန်းစာရွက်တို့၏ တန်ဖိုးမှာ ဒေသကာလပေါက်ဈေး ၃၃သိန်း ကျော် တန်ဖိုးရှိပြီး  မြန်မာငွေကျပ် နှစ်သိန်းတို့ကိုပါ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး-ဗဟို CCDAC Myanmar က သတင်းဖော်ပြသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သတ်ပြီး မိုးဦး (၃၆ )နှစ်အား မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်များကို ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်၊ သိင်္ဂီလမ်းနေ ဒေါ်နွယ်နီအေး(ခ)ဂတုံးမ၏ နေအိမ်အား မွန်ပြည်နယ်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဘိုဘိုရှိုင်း အား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူး သွပ်ဆေးပြား ၂၀၃၃ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၀.၉၉ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်နွယ်နီအေး(ခ)ဂတုံးမ(၆၀)နှစ် နှင့် ဘိုဘိုရှိုင်း(၂၆)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း CCDAC Myanmar မှ သတင်းရရှိသည်။

May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...