DMD မွန်လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦး ရေးမြို့စကခ ၁၉ တွင်လက်နက်ချအလင်းဝင်

DMD မွန်လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦး ရေးမြို့စကခ ၁၉ တွင်လက်နက်ချအလင်းဝင်

ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့် DMD မွန်လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦး ရေးမြို့အခြေစိုက် စကခ ၁၉ တွင် နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက လက်နက်ချအလင်းဝင်ခဲ့ကြောင်း သတင်းရရှိသည်။

ရေးမြို့နယ် သောင်ပြင်ရွာသား အချမ်း၊ ခေါဇာမြို့မှ နိုင်ခေါက်၊ ကျောက်ထရံရွာသား နိုင်ဟလယ်နှင့် ရေဖြူမြို့နယ် အမဲရွာသား နိုင်မူ တို့ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးထံမှ သိရသည်။  

“စကခ ၁၉ မှာ မနေ့ နေ့လယ် ၁၂ ခွဲလောက်မှာ လက်နက်ချခဲ့ရတယ်၊ ဒါလောက်ပဲ သိထားပါတယ်”ဟု ၄င်းက ဆိုသည်။  

DMD အဖွဲ့ဝင်သည် စစ်အစိုးရအားတော်လှန်သည့် မွန်လက်နက်ကိုင်အဖွဲ့အဖြစ် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရေးတောင်ပိုင်းနှင့် ရေဖြူမြို့နယ်တို့တွင် ဆက်ကြေးကောက်ခံနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...