ထိုင်းနိုင်ငံသို့ MoU ဖြင့်သွားရောက်လုပ်ကိုင်ခွင့်ရရန် အစိုးရဌာနများ၌ အချိန်ကြန့်ကြာမှုရှိနေ

ထိုင်းနိုင်ငံသို့ MoU ဖြင့်သွားရောက်လုပ်ကိုင်ခွင့်ရရန် အစိုးရဌာနများ၌ အချိန်ကြန့်ကြာမှုရှိနေ

ထိုင်းနိုင်ငံသို့ MoU ဖြင့် သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများ၌ အချိန်ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။

MOU လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် အဆင့်ပေါင်း ၂၀ ခန့်ကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ရကြောင်း မဟာချိုင်တွင် အလုပ်သွားရောက်လုပ်ကိုင်သူ ကိုမင်းမောင်ဦးက ပြောသည်။

"အမှန်မှာက မြန်မာနိုင်ငံရဲ့ ဌာနဆိုင်ရာတွေရဲ့ ဝန်ဆောင်မှုတွေက ညံ့ဖျင်းတယ်။ အဲလိုမျိုး အဖြစ်တွေတော့ ပေးမကြုံချင်ဘူး။ ပြီးခဲ့တဲ့ ၅ နှစ်မှာတော့ ဌာနဆိုင်ရာတွေရဲ့ ဝန်ဆောင်မှုကတော့ အတိုင်းအတာတစ်ခုမှာတော့ တိုးတက်လာတယ်။ အချိန်ကတော့ ကြာတယ်။ လုပ်ရတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်က ပြီးခဲ့တဲ့ MOU လုပ်ငန်းစဉ်မှာ အဆင့်ပေါင်း ၂၀ လောက်ရှိတယ်"ဟု ၎င်းက ပြောသည်။

သက်ဆိုင်ရာဌာနများမှ ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုကောင်းမွန်လာစေရန် နှင့် မြန်ဆန်စေရန်အတွက် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ လက်ရှိ နိုင်ငံရေးအပြောင်းအလဲများကြောင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အချိန်ကြန့်ကြာမှုများ ပိုရှိလာကြောင်း ၄င်းက ဆက်ပြောသည်။

ထိုင်းအခြေစိုက် MoU မြန်မာအလုပ်သမားအေးဂျင့်လုပ်ငန်းဆောင်ရွက်နေသူ Siam Hongsa Co., Ltd ဒါရိုက်တာ ကိုသီဟက “MOU လုပ်လို့ရတဲ့ ခေတ်တွေမှာ ကျွန်တော်တို့ သတိထားမိတာ တစ်ခုရှိတယ်။ MOU လာတာ process က အရမ်းကြာတယ်။ အနည်းဆုံး အလုပ်ရှင် တစ်ဦးက အလုပ်သမား ရဖို့အတွက် ၄ လ ၆ လကနေ ၁ နှစ်ထိ ကြာတယ်။ သက်ဆိုင်ရာများကလည်း MOU တရားဝင်လမ်း ဖွင့်တဲ့အခါ အချိန်နည်းနည်းလေးနဲ့ အဆင်ပြေ ချော့မွေ့ဆုံး လုပ်ပေးဖို့ အကြံပြုချင်ပါတယ်” ဟု ဆိုသည်။

အကယ်၍ တရားဝင်လမ်းကြောင်းက လွယ်လွယ်လေးဖြစ်နေပြီး အဆင်ပြေချောမွေ့မည်ဆိုပါက မြန်မာနိုင်ငံအလုပ်သမားများအနေဖြင့် တရားမဝင်လမ်းကြောင်းကို လာစရာအကြောင်းမရှိကြႝာင်း၊ ထို့ကြောင့် MOU ကို စနစ်တကျဖြစ်ရန် ဆောင်ရွက်စေလိုကြောင်း ၄င်းက ဆက်ပြောသည်။

သို့ရာတွင် MOU စနစ်ဖြင့်ဆောင်ရွက်ရာတွင် ငွေကြေးအပိုကုန်ကျများသည့်အပြင် အချိန်ကြန့်ကြာခြင်းများလည်း ရှိကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေး နှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောသည်။

"MOU စနစ်ဆိုတာက အေဂျင်စီနဲ့ နှစ်ဖက် ချိတ်ဆက်ပြီး ဆောင်ရွက် ရမှာဖြစ်တဲ့အတွက် နည်းနည်း အချိန်ပေးရတယ်။ ငွေပေးရတယ်။ ထိုင်းဘက်ကတော့ ဖွင့်မယ် ခေါ်မယ်လို့ ကြားရပြီပေါ့။ နှစ်နိုင်ငံ ပေါင်းပြီး လုပ်ရတာ ဖြစ်တဲ့အတွက် နယ်စပ်ဖွင့်ဖို့က နှစ်နိုင်ငံ အစိုးရပေါ် မူတည်ပြီး ဖြစ်မှာပေါ့နော်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ နှင့်ထိုင်းအစိုးရ နှစ်နိုင်ငံချိတ်ဆက်ပြီး သေချာစွာဆောင်ရွက်နိုင်ပါက မြန်မာအလုပ်သမားများ အနေဖြင့် လုံခြုံရေးအကာကွယ် ပိုရနိုင်ကြောင်း ၄င်းကဆက်ပြောသည်။

ထို့အတူ ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူညီမှုစာချုပ် MOU ရွှေ့ပြောင်းလုပ်သားများကို လာမည့်နိုဝင်ဘာလ ၃၀ ရက်နေ့မှစပြီး ခေါ်ယူတော့မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့တွင်ကျင်းပခဲ့သည့် ထိုင်းအစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...