ကျိုက်ထီးရိုးဘုရားတွင် နေ့စဥ် ခရီးသွား တစ်ထောင်ကျော် လာရောက်ဖူးမျှော်

ကျိုက်ထီးရိုးဘုရားတွင် နေ့စဥ် ခရီးသွား တစ်ထောင်ကျော် လာရောက်ဖူးမျှော်

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ကျိုက်ထီးရိုးစေတီသို့ နေ့စဥ် ပြည်တွင်းခရီးသွား တစ်ထောင်ကျော် လာရောက်ဖူးမြှော်လျက်ရှိကြောင်း ဂေါပကအဖွဲ့ရုံးမှ သိရှိရသည်။

အပတ်စဥ်ရုံးပိတ်ရက်နှင့် အစိုးရရုံးပိတ်ရက်များတွင် ပြည်တွင်းခရီးသွား ၁၅၀၀ အထိ ဝင်ရောက်နေကြောင်း ကျိုက်ထီးရိုးဂေါပကရုံး ဂေါပကအဖွဲ့ခေါင်းဆောင်ဦးစိုးလှက ဆိုသည်။

"ကျွန်တော်တို့ နေ့စဥ်ဆိုရင် ခရီးသွား တစ်ထောင်လောက်လာတယ်။စနေ၊တနင်္ဂနွေလိုပိတ်ရက်ဆို ခရီးသွား ကား အစီးရေ ၄၀၊ ၅၀ လောက်လာတယ်။ ပိတ်ရက်ဆို ခရီးသွား ၁၅၀၀ လောက် လာတယ်" ဟု ဂေါပကအဖွဲ့ခေါင်းဆောင်ဦးစိုးလှက ဆိုသည်။

 ကိုဗစ်ပိုးတွေ့ရှိနှုန်း ကျဆင်းလာမှုကြောင့် Stay at home မြို့နယ်များပယ်ဖျက်ပေးသဖြင့် ခရီးသွားများ ပိုမိုမျှော်လင့်မိကြောင်း မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း မျှော်လင့်နေသည်။

ခရီးသွားများ ဝင်ရောက်မှု နည်းပါးနေသောကြောင့် ကျိုက်ထီးရိုးဘုရားမှ စျေးသည်များကို လေလံစျေးကင်းလွတ်ခွင့်ဆက်လက်ပြုထားကြောင်း ဂေါပကအဖွဲ့ရုံးမှ သိရသည်။

" ကျန်းမာရေးလုပ်ငန်းစဥ်တွေအတွက်ရော၊ခရီးသွားနည်းနေသေးတဲ့အတွက်ရော ကျွန်တော်တို့က ဒီအတိုင်းစျေးပြန်လာရောင်းကြပါဆိုပြီးခေါ်လို့ရောက်လာကြတာပါ။အခုထိ ဘာတစ်ခုမှကောက်ခံထားတာမရှိသေးပါဘူး။ Stay at homeတွေပယ်ဖျက်ပြီးသွားတော့ နောက်ပိုင်းခရီးသွားတွေပိုများလာရင် အလှူငွေသူတို့ထည့်ကြမှာပါ"ဟု ဂေါပကအဖွဲ့ရုံးမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

"ရောင်းအားက အရမ်းမများသေးပါဘူး။ ဆိုင်တွေလည်းအကုန်မဖွင့်သေးဘူး။စားသောက်ဆိုင်တို့၊ လက်ဆောင်ပစ္စည်းဆိုင်တို့လောက်ပဲ အများဆုံးပြန်ဖွင့်ကြတာ"ဟု အမှတ်တရပစ္စည်းအရောင်းဆိုင်မှသိရသည်။

ထို့အတူ မွန်ပြည်နယ်တွင်  Stay at home အဖြစ်ကျန်ရှိနေသည့် မော်လမြိုင်နှင့် သံဖြူဇရပ်မြို့နယ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် Stay at home မှ ပယ်ဖျက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်းအောက်ရှိသော မြို့နယ်များကို Stay at home ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ယခင်အစိုးရဘဏ္ဍာနှစ်များတွင် ဆိုင်းခန်းခအပါအဝင် ကျိုက်ထီးရိုးစေတီတော်၏ နှစ်စဥ်ဝင်ငွေကျပ်ကိုးဘီလီယံကျော် ရရှိခဲ့သည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...