ပြည်တွင်းလေကြောင်းခရီးစဉ် လိုက်ပါမည့်သူများ ကိုဗစ်ပိုးရှိ/မရှိ ကျန်းမာရေးဌာနက အခမဲ့စစ်ဆေးပေးမည်

ပြည်တွင်းလေကြောင်းခရီးစဉ် လိုက်ပါမည့်သူများ ကိုဗစ်ပိုးရှိ/မရှိ ကျန်းမာရေးဌာနက အခမဲ့စစ်ဆေးပေးမည်

ပြည်တွင်းလေကြောင်းခရီးစဉ်နှင့်လိုက်ပါမည့်သူများအား ကိုဗစ်ရောဂါပိုးရှိ/မရှိကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပိတ်ရက်မရှိဘဲ အခမဲ့စစ်ဆေးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာမှ အသိပေးထုတ်ပြန်လိုက်သည်။

လေကြောင်းခရီးစဉ်မတိုင်မီ ၄၈ နာရီထက်နောက်မကျစေဘဲ လိုက်ပါမည့်ခရီးသည်များ ကိုဗစ်ရောဂါပိုးရှိ၊ မရှိကိုသိရှိနိုင်ရန် Check-in ဝင်သည့်အချိန်တွင် တင်ပြနိုင်ရန် လေယာဉ်ကွင်းတည်ရှိရာ သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးများ၌ နေ့စဉ်နံနက် ၉ နာရီမှ ၁၁ နာရီနှင့် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ပိတ်ရက်မရှိ အခမဲ့စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လေကြောင်းခရီးသည်များအား ကိုဗစ်ပိုးရှိ/မရှိစစ်ဆေးနိုင်ရန်အတွက်စစ်ဆေးမည့်နေရာကို အစိုးရထံစာတင်ထားပြီး ယခုသီတင်းပတ်အတွင်း စတင်စစ်ဆေးနိုင်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ဒီနေ့တော့ စပြီးမစစ်ဆေးသေးဘူး။ ကိုဗစ်စစ်ဆေးဖို့အတွက် နေရာစီစဉ်ပေးဖို့ကို အစိုးရအဖွဲ့ကို စာတင်ထားတယ်။ ကျနော်တို့ဘက်က ကျန်းမာရေးဝန်ထမ်းနဲ့ Covid Test kit တွေရှိတဲ့အတွက် စစ်ဆေးပေးလို့ရတယ်။ ဒါပေမယ့် စစ်ဆေးမယ့်နေရာလိုတဲ့အတွက် နေရာတွေတောင်းထားတယ်။ ခွင့်ပြုချက်ရရင်တော့ စပြီးစစ်ဆေးသွားမှာဖြစ်တယ်”ဟု ၎င်းကပြောသည်။

ယင်းအပြင် ရောဂါရှာဖွေရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းများတွင်လည်း သတ်မှတ်နှုန်းထားပေး၍ ဓာတ်ခွဲစစ်ဆေးခြင်းများဆောင်ရွက်နိုင်ကြောင်း ဆိုသည်။

လက်ရှိမှာ ကိုဗစ်တတိယလှိုင်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထိုသို့လေကြောင်းခရီးသည်များအား ကိုဗစ်ပိုးရှိ/မရှိကို အခမဲ့စစ်ဆေးပေးသွားမည့်အစီအစဉ်မှာ ကောင်းမွန်သော်လည်း ထိရောက်စွာလုပ်ဆောင်ရန်လိုအပ်ကြောင်း ကျောက်ဖြူမြို့ဒေသခံ ဦးဖိုးစံကပြောသည်။

“လက်ရှိအနေအထားက ကိုဗစ်ရောဂါက လုံးဝပျောက်သွားတယ်လို့ပြောလို့မရသေးဘူး။ နိုင်ငံတော်ကနေ အခမဲ့စစ်ဆေးပေးတယ်ဆိုရင်တော့ပိုကောင်းတာပေါ့။ မှန်မှန်ကန်ကန်နဲ့ ထိထိရောက်ရောက်စစ်ဆေးမှုတွေလုပ်ပေးမယ်ဆို ပိုကောင်းတယ်”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှစတင်၍ ရခိုင်ပြည််သို့ ရန်ကုန်၊ မန္တလေး စသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လေကြောင်းခရီးစဉ်ဖြင့်လာရောက်မည့်သူများကို ကိုဗစ်နိုင်တင်းရောဂါပိုးရှိ/မရှိစစ်ဆေးရန် သက်ဆိုင်ရာကျန်းမာရေးဌာနများ၌ စစ်ဆေးခငွေကျပ်နှစ်သောင်း ပေးဆောင်၍ စစ်ဆေးခဲ့ရကြောင်း ခရီးသည်များထံမှ သိရသည်။

ရခိုင်ပြည်က လေကြောင်းခရီးစဉ်လိုက်ပါမည့်သူများကိုလည်း ကိုဗစ်ရောဂါပိုးရှိ၊မရှိကို နှာခေါင်းတို့ပတ်ယူစစ်ဆေးပြီး ၃၆ နာရီအတွင်း စစ်ဆေးချက်အရ ကိုဗစ်ရောဂါပိုးမရှိကြောင်းထောက်ခံချက်ရရှိမှသာ လေယာဉ်စီးခွင့်ပြုရန်စီစဉ်ခဲ့သည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...