မြောက်ဦးမြို့အဝင်အထွက်မုခ်ဦး ၂ ခုကို ခေတ် ၄ ခေတ်လက်ရာဖြင့် တည်ဆောက်မည်

မြောက်ဦးမြို့အဝင်အထွက်မုခ်ဦး ၂ ခုကို ခေတ် ၄ ခေတ်လက်ရာဖြင့် တည်ဆောက်မည်

ရှေးဟောင်းမြို့ဖြစ်သည့်မြောက်ဦးမြို့ အဝင်အထွက်မုခ်ဦး ၂ ခုကို ခေတ် ၄ ခေတ်၏လက်ရာများဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦး စသည့်ခေတ်လေးခေတ်လက်ရာနှင့် မြောက်ဦးမြို့အဝင်နှင့်အထွက်တို့တွင် မုခ်ဦးနှစ်ခုကိုတည်ဆောက်သွားမည်ဟု မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရွှေမောင်က DMG သို့ပြောသည်။

“မုတ်ဦးမှာ ခေတ်လေးခေတ်က တိုက်ဗျာလ ၂ ရုပ်၊ ရှေးခေတ်လက်ရာ၊ စတူပါ ၉ လုံး၊ ရှေးခေတ်ပန်း၊ ဒင်္ဂါးပြား၊ ရုပ်ထုတွေပါမယ်"ဟု ၎င်းက ဆိုသည်။

ယင်းသို့ ခေတ်လေးခေတ်လက်ရာဖြင့် မုခ်ဦးကိုတည်ဆောက်ခြင်းမှာ မြို့အဝင်အထွက်နေရာသို့ရောက်သည်နှင့် ရှေးခေတ်အငွေ့အသက်ကိုခံစားရစေရန် ရည်ရွယ်ကြောင်းလည်း သိရသည်။

ကျောက်တော်မြို့မှ မြောက်ဦးမြို့သို့အဝင် ထမ္မရာဇ်မြို့သစ်ရပ်ကွက်၌ အဝင်မုခ်ဦးကိုလည်းကောင်း၊ မြောက်ဦးမြို့မှ မင်းပြားမြို့သို့အထွက် ပေါင်းတုပ်ကျေးရွာအနီးတွင် အထွက်မုခ်ဦးကိုလည်း တည်ဆောက်ရန် သတ်မှတ်ထားသည်။

မြောက်ဦးမြို့ အဝင်အထွက်မုခ်ဦးနှစ်ခုတည်ဆောက်ရန်အတွက် ဘတ်ဂျတ်ငွေကျပ်သိန်း ၁၈၅၀ ရရှိထားပြီးဖြစ်ပြီး နိုဝင်ဘာ ၆ ရက်တွင် မုခ်ဦးတည်ဆောက်ရန် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ယင်းသို့တင်ဒါခေါ်ယူပြီးပါက ယခုလအတွင်း မုခ်ဦးတည်ဆောက်မှုကို စတင်မည်ဖြစ်ရာ လာမည့် ၂၀၂၂ ခုနှစ်တွင် လုပ်ငန်းပြီးစီးအောင်ဆောင်ရွက်မည်ဟု သိရသည်။

မြောက်ဦးမြို့သည် ရခိုင်ဘုရင်များ နောက်ဆုံးထီးနန်းစိုက်ခဲ့ရာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်ကာ လက်ရှိတွင် ယူနက်စကိုစာရင်းဝင်နိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...