ရခိုင်က မြို့နယ်နှစ်ခုရှိ မသန်စွမ်းသူများကို ရွှေမင်းသားဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာနှင့်ဆေးဝါးများ ၄ လစာထောက်ပံ့မည်

ရခိုင်က မြို့နယ်နှစ်ခုရှိ မသန်စွမ်းသူများကို ရွှေမင်းသားဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာနှင့်ဆေးဝါးများ ၄ လစာထောက်ပံ့မည်

ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူများကို မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း ရွှေမင်းသားဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာနှင့်ဆေးဝါးများကို ၄ လစာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါထောက်ပံ့လှူဒါန်းမှုကို DAHW ၏အကူအညီဖြင့် ရွှေမင်းသားဖောင်ဒေးရှင်းမှ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်တာဝန်ခံ မထွေးမေက DMG သို့ ပြောသည်။

 

“ထောက်ပံ့လှူဒါန်မယ့်အစီအစဉ်ကို လာမယ့်အပတ်မှာ အကောင်အထည်ဖော်မယ်။ အခုက မြို့နှစ်မြို့မှာရှိတဲ့ မသန်စွမ်းသူတွေရဲ့စာရင်းကို ကောက်နေတုန်းပဲ”ဟု ၄င်းကဆိုသည်။

 

မသန်စွမ်းသူများကိုထောက်ပံ့လှူဒါန်းရာတွင် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ အာလူး၊ ကြက်ဥ၊ ငါးခြောက်နှင့် ကိုဗစ်ရောဂါကာကွယ်ဆေးအပါအဝင် အခြားလိုအပ်သည့်ဆေးဝါးများကိုပါ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

“မသန်စွမ်းသူတွေအတွက် အခုလိုမျိုး လှူဒါန်းတာတွေရှိတော့ကောင်းတာပေါ့။ ကိုဗစ်ကာလမှာဆိုတော့ အကုန်လုံးက ကျပ်တည်နေကြတာလေ”ဟု စစ်တွေမြို့မှ မသန်စွမ်းသူတစ်ဦးက ပြောသည်။

 

ယင်းသို့ထောက်ပံ့လှူဒါန်းရာတွင် မြို့နယ် ၂ မြို့နယ်မှ မသန်စွမ်းသူများရှိသည့် အိမ်ထောင်စု ၆၂၀ ပါဝင်မည်ဖြစ်ပြီး တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်၊ ဆီတစ်ပိဿာ၊ အာလူးတစ်ပိဿာ၊ ကြက်ဥအလုံး ၂၀၊ ပဲတစ်ပိဿာ၊ ငါးခြောက် ၅၀ ကျပ်သားနှင့် ဆေးဝါးများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းမှ သိရသည်။

 

ရခိုင်ပြည်နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ မသန်စွမ်းသူဦးရေ  ၂ သိန်းကျော်ရှိကြောင်း သိရသည်။

 

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာ ကာလအတွင်းတွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုကြောင့် မိုင်းထိမှန်မှုတို့ကြောင့်လည်း ရခိုင်တွင် မသန်စွမ်းသူဦးရေ တိုးလာခဲ့ကြောင်း မသန်စွမ်းသူများအရေးဆောင်ရွက်နေသူများက ပြောသည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းမှာ မသန်စွမ်းများဖြစ်ကြပြီး ယင်းအထဲတွင် အကြားအာရုံမသန်စွမ်းသူမှာ ၆ သိန်း ၇ သောင်း ၃ ထောင်ကျော်ဖြင့် အများဆုံးဖြစ်ကြောင်းလည်း ၂၀၁၄ သန်းခေါင်စာရင်းအရဒသိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...