စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုများနှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ABSDF'ထုတ်ပြန်

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုများနှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ABSDF'ထုတ်ပြန်

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုများနှင့်အတူ လက်တွဲကာ တိုက်ပွဲဝင်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)က နိုဝင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်မှု (၃၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်နေ့တွင် ယင်းသို့ထုတ်ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

 

စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး လက်နက်ဖြင့်အကြမ်းဖက်ကာ နိုင်ငံတော်၏အချုပ်အခြာအာဏာကို မတရားလုယက်သိမ်းယူခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်တွယ်ခိုင်မာရေးကြိုးပမ်းခဲ့ကြောင်း ABSDF ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

ယင်းအပြင် နိုင်ငံရေးခေါင်းဆောင်များအပါအဝင် တစ်နိုင်ငံလုံးရှိ တက်ကြွလှုပ်ရှားသူများကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားသူများကိုလည်း အကြမ်းဖက်စစ်အုပ်စုက လက်နက်ဖြင့် ပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ABSDF သည် နိုင်ငံရေး၊ စစ်ရေး၊ သံသမန်ရေး စသည့်ဖြစ််စဉ်များတွင် တိုက်ပွဲဝင်ခဲ့ပြီး လက်ရှိတွင်လည်း တိုက်ပွဲဝင်နေဆဲဖြစ်သည်။

 

မြန်မာ့စစ်တပ်က အာဏာသိမ်းယူမှုအပေါ် တော်လှန်မည့်အဖွဲ့အစည်းများကိုလည်း ၎င်းတို့ ABSDF အဖွဲ့က ကြိုဆိုဝန်းရံလက်တွဲခေါ်ယူခဲ့သည်ဟု ဆိုသည်။

 

“ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးမှသည် နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့ ချီတက်ကြပါစို့။ စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။ အရေးတော်ပုံအောင်ရမည်”ဟု ထုတ်ပြန်ချက်တွင်ထည့်သွင်းပြောကြားထားသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှာ ၁၉၈၈ အရေးအခင်းမှ စစ်အာဏာရှင်ကိုဆန့်ကျင်သည့် ကျောင်းသားလူငယ်များဖြင့်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

 

အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ အကောင်အထည်ဖော်ဆောင်နိုင်ရေးကို ၂၀၁၂ ခုနှစ်တွင် ညှိနှိုင်းဆွေးနွေးမှုများ စတင်ဆောင်ရွက်ခဲ့သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် ABSDF အဖွဲ့အပါဝင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် ၈ ဖွဲ့တို့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့သည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...