မောင်တောမြို့နယ်တွင် ARSA နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို

မောင်တောမြို့နယ်တွင် ARSA နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရနယ်မြေအပိုင် ဇီးပင်ချောင်းကျေးရွာဟောင်းအနီးတွင် ARSA နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ အောက်တိုဘာလ ၃၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းဆောင်ရွက်စဉ် ARSA အဖွဲ့မှစခန်းချထားသည့်နေရာအားတွေ့ရှိကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ARSA အဖွဲ့ဝင်ငါးဦးကို သေနတ် ၂ လက်နှင့်အတူ ဖမ်းမိခဲ့သည်ဟုသိရကြောင်း မောင်တောမြို့နယ်မြောက်ပိုင်း နံသာတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအထွန်းချေက ပြောသည်။

 

"ဇီးပင်ချောင်းရွာဟောင်းဖက်ကို နယ်ခြားစောင့်တပ်တွေက မနေ့က မနက် ၈ နာရီလောက်မှာ နယ်မြေရှင်းလင်းရေးလုပ်တာမှာ ARSA အဖွဲ့ စခန်းချနေတဲ့နေရာကိုတွေ့ရှိပြီး တိုက်ပွဲဖြစ်ကြတယ်လို့သိရတယ်။ ARSA အကြမ်းဖက်အဖွဲ့ ၅ ဦးကို လက်နက် ၂ လက်နဲ့အတူဖမ်းမိတယ်လို့သိရတယ်"ဟု ဦးအထွန်းချေက DMG သို့ ပြောသည်။

 

အဆိုပါတိုက်ပွဲဖြစ်ပွားသည့်နေရာမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နယ်မြေ ၇ အပိုင်ဖြစ်ပြီး ယခင်က မွတ်ဆလင်ကျေးရွာများရှိခဲ့သည့် နေရာဖြစ်သည်။

 

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းလှစိန်က "အဲဒီဖက်မှာ မူးယစ်ဆေးသယ်ယူရောင်းဝယ်မှုတွေရှိတယ်။ သူတို့နဲ့ထိတွေ့ပြီး တိုက်ပွဲဖြစ်တာဖြစ်နိုင်တယ်။ လူ ၅ ဦးနဲ့ သေနတ် ၂ လက်ဖမ်းမိထားတယ်လို့ စုံစမ်းသိရှိရတယ်"ဟု ပြောသည်။

 

ARSA နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က ၎င်းအနေဖြင့် မသိရသေးကြောင်း ပြောသည်။

 

မောင်တောဒေတွင် ယခင်က မွတ်ဆလင်ကျေးရွာပေါင်း ၂၀၀ ကျော်ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်အတွင်း မွတ်ဆလင်ကျေးရွာ ၁၀၀ ကျော်ခန့် မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။

 

ယခု ARSA အဖွဲ့များစခန်းချနေထိုင်သည့် ဇီးပင်ချောင်းကျေးရွာမှာ ယခင်ကအိမ်ခြေထောင်ချီရှိခဲ့သည့် မွတ်ဆလင်ကျေးရွာတစ်ရွာဖြစ်ပြီး လူနေထိုင်မှုမရှိဘဲကြာမြင့်လာသဖြင့် သစ်ပင်ခြုံနွယ်များဖုံးလွှမ်းကာ ယခုအခါ တောကြီးသဖွယ်ဖြစ်နေကြောင်း သိရသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...