ရခိုင်က ပုဂ္ဂိကစာသင်ကျောင်းများနှင့် ဘကကျောင်းများတွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုး

ရခိုင်က ပုဂ္ဂိကစာသင်ကျောင်းများနှင့် ဘကကျောင်းများတွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုး

ရခိုင်ပြည်နယ်တွင် အစိုးရအခြေခံပညာစာသင်ကျောင်းများကို ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

အလားတူ ပုဂ္ဂလိကပိုင် ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး-ဘကကျောင်းများကိုလည်း ယနေ့ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသူကျောင်းသားများကို ကျန်းမာရေးဌာနက ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေကြောင်း သိရသည်။

 

စစ်တွေမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း ၁၃ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၀၁၀ ဦးကို ကာကွယ်ဆေးထိုးနှံပေးနေပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၄ ကျောင်းနှင့် ကျောင်းပြင်ပ ပညာရေးကျောင်းတို့မှ ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း ၁၃၆၈ ဦးကိုလည်း ကာကွယ်ဆေးထိုးနှံ့ပေးလျက်ရှိသည်။

 

“ကာကွယ်ဆေးက ဒီနေ့မှစထိုးရတယ်။ ကျောင်းသူကျောင်းသားတွေအားလုံး တစုတဝေးတည်း ဆေးထိုးဖြစ်အောင်ခေါ်ထားတယ်။ ဆေးကိုကျန်းမာရေးဌာနက ဆရာ၊ဆရာမတွေက လာထိုးတာပါ။ ကာကွယ်ဆေးထိုးပြီးပြီဆိုတော့ ကျောင်းပြန်ဖွင့်မယ်”ဟု စစ်တွေမြို့မှ ရွှေစေတီဘကကျောင်းမှ ဆရာတော် အရှင်အရိယဝံသက မိန့်ကြားသည်။

 

ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘကကျောင်းများကို အဖွဲ့ခွဲကာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေခြင်းဖြစ်ပြီး ကိုယ်ပိုင်အထက်ပိုင်းကျောင်း ၁၃ ကျောင်းမှ ကျောင်းသူ၊ကျောင်းသားများသည် စစ်တွေမြို့ ထက်မြတ်ထွန်း ကိုယ်ပိုင်ကျောင်းသို့ သွားရောက်ကာ ကာကွယ်ဆေးထိုးနှံကြရသည်။

 

ဘကကျောင်း ၄ ကျောင်းနှင့် ကျောင်းပြင်ပညာရေးကျောင်းသူ၊ကျောင်းသားများကို ယနေ့နံနက်ပိုင်းတွင် ရွှေစေတီ(ဘက)ဘုန်း တော်ကြီးပညာသင်ကျောင်း၌ ကာကွယ်ဆေးထိုးနှံပေးသည်။

 

“ကိုယ်ပိုင်ကျောင်းတွေက ကျောင်းသူကျောင်းသားတွေကို ဒီနေ့ ကာကွယ်ဆေးစထိုးပေးတယ်။ အကုန်ထိုးပြီး၊ မပြီးဆိုတာတော့ လတ်တလောမသိရသေးဘူး။ အခုမှဆေးထိုးနေတာဆိုတော့လေ။ ကိုယ်ပိုင်ကျောင်းက ကလေးတွေက နယ်ကကျောင်းသူကျောင်းသားတွေများတယ်။ သူတို့အားလုံး ကာကွယ်ဆေးထိုးနိုင်ဖို့ ခေါ်ထားတယ်”ဟု စစ်တွေမြို့ရှိ ထက်မြတ်ထွန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘကကျောင်းသူ၊ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးပါက နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျောင်းစာပညာကို သင်ကြားသွားမည်ဖြစ်ကြောင်း ကိုယ်ပိုင်ကျောင်းဆရာများထံမှ သိရသည်။

 

ကိုဗစ်တတိယလှိုင်းကူးစက်ရောဂါကြောင့် အခြေခံပညာစာသင်ကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှစတင်ပြီး ယာယီပိတ်ခဲ့ရပြီး ယခုအချိန်တွင် ကိုဗစ်ပိုးတွေ့ရှိမှု လျော့နည်းလာသောကြောင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/ ကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့် ပညာသင်ကြားနိုင်ရန် ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးများထိုးပေးခြင်းအစီအစဉ်အား ကျန်းမာရေးဌာနက အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁ ရက်(ယနေ့)တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...