လေးတောင်မြို့တွင် အရက်ဆိုင်များပိတ်သိမ်းရေးအတွက် အမျိုးသမီးများ ဆန္ဒထုတ်ဖော်

လေးတောင်မြို့တွင် အရက်ဆိုင်များပိတ်သိမ်းရေးအတွက် အမျိုးသမီးများ ဆန္ဒထုတ်ဖော်

ရခိုင်ပြည်နယ်၊ လေးတောင်မြို့ အမှတ် (၁) ဆန်တင်မော်ရပ်ကွက်အတွင်း အရက်ဆိုင်များပိတ်သိမ်းရေးအတွက် အောက်တိုဘာ ၃၀ ရက် ညနေ ၃ နာရီကျော်က အမျိုးသမီးများ ရပ်ကွက်အတွင်းလှည့်လည်ကာ အမျိုးသမီးများ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ထုတ်ပွဲတွင် လူဦးရေ (၆၀) ကျော်ပါဝင်ပြီး ဆန်တင်မော်ရပ်ကွက်အတွင်း ရောင်းချနေသော အရက်ဆိုင်များအားပိတ်သိမ်းရန်တောင်းဆိုခဲ့ကြကြောင်း ဆန္ဒပြရာတွင်ပါဝင်သည့် ဆန်တင်မော်ရက်ကွက်မှ ဒေါ်မေကြီးကပြောသည်။

"အရက်ဆိုင်တွေ အရက်တွေသောက်တဲ့အတွက် လူသတ်မှု၊ ခိုးမှု၊ မုဒိန်းမှုတွေ ခဏခဏဖြစ်သလို ဇနီးမယားတွေလဲ ခဏခဏ အရိုက်ခံကြရတယ်။ ဒါ့အပြင် အလုပ်စရိတ်ထက် အသောက်စရိတ်ပိုများပြီး မိသားစုတွေ စားဝတ်နေရေးအခက်အခဲဖြစ်ကြရတယ်။ ဒါကြောင့် အရက်ပိတ်သိမ်းရေးအတွက် ဆန္ဒထုတ်ဖော် ပြသရတာဖြစ်တယ်" ဟု ၎င်းကပြောသည်။

ဆန်တင်မော်ရပ်ကွက်တွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး အရက်ဆိုင် ၁၀ ဆိုင်ခန့်ရှိကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါအရက်ဆိုင်များပိတ်သိမ်းရေးအတွက် ရပ်ကွက်အတွင်း လက်မှတ်များကောက်ယူလျက်ရှိကာ သက်ဆိုင်ရာအာဏာပိုင်များထံ တင်ပြသွားမည်ဖြစ်ကြောင်းလည်း ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် မအိအိဖြိုးကပြောသည်။

"အခု ကျမတို့ အရက်ဆိုင်ပိတ်သိမ်းရေးအတွက်ဆိုပြီး ရပ်ကွက်နေပြည်သူများထံမှာ သဘောတူလက်မှတ်တွေ ကောက်ယူနေပါတယ်။ အခုလက်မှတ်ကောက်တာ လူဦးရေ ၁၂၀ ကျော် လက်မှတ်ကောက်ထားပြီးဖြစ်ပါတယ်။ ပြီးရင်တော့ သက်ဆိုင်ရာ ထံတင်ပြသွားဖို့ရှိပါတယ်" ဟု ၎င်းကပြောသည်။

လေးတောင်မြို့ ဆန်တင်မော်ရပ်ကွက်တွင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အသီးသီးမှဒေသခံများ ကျော့ပိုက်လုပ်ငန်းလုပ်ကိုင်ရန်ရောက်ရှိနေကြပြီး အရက်သောက်စားမူးယစ်ကာ မကြာခဏ လူသတ်မှု၊ ရမ်းကားမှုများဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျော့ပိုက်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုနွယ်မင်းကျော်က "ကျနော်တို့လဲ အခုလိုအရက်ဆိုင်ပိတ်သိမ်းရေးဆိုတာကို သဘောတူတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပိုင်ရှင်တွေအနေနဲ့ ကိုယ့်လှေကလူတစ်ယောက် တစ်ခုခုဖြစ်ရင် ပြသနာရှင်းရတာမလွယ်ဘူး။ အဲဒါကြောင့် အရက်ဆိုင်တွေကိုပိတ်သိမ်းရင် လူသတ်မှု၊ ရမ်းကားမှု ပြသနာဖြစ်မှု၊ ခိုးမှုတွေအကုန်ပျောက်သွားမှာဖြစ်တယ်" ဟု ပြောသည်။

ဆန်တင်မော်ရပ်ကွက်အတွင်း အရက်သောက်စားမူးယစ်မှုကြောင့် တစ်လလျှင်သေဆုံးသူ ၁ ဦးနှင့် တစ်နေ့လျှင်ခိုက်ရန်ဖြစ်ပွားမှု ၅ မှုအထက်တွင် ဖြစ်ပွားမှုရှိကြောင်း သိရသည်။

ထို့အပြင် ရပ်ကွက်အတွင်းမှ အမျိုးသား၊ အမျိုးသမီးများအပြင် ၁၈ နှစ်အောက်ကလေးငယ် အများစုမှာလည်း အရက်သောက်သုံးကာ ပျက်စီးမှုရှိနေကြောင်း ဒေသခံများကပြောဆိုသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...