စစ်တွေမြို့ ၁၀ မိုင်ပတ်လည်ရှိ ကျေးရွာအချို့မှာ လျှပ်စစ်မီးရရှိရန် ကြန့်ကြာနေ

စစ်တွေမြို့ ၁၀ မိုင်ပတ်လည်ရှိ ကျေးရွာအချို့မှာ လျှပ်စစ်မီးရရှိရန် ကြန့်ကြာနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ၁၀ မိုင်ပတ်လည်အကွာရှိ ကျေးရွာအချို့မှာ လျှပ်စစ်မီးရရှိရန် အချိန်ကြန့်ကြာနေကြောင်း ဒေသခံများထံမှ သိရသည်။

လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာများမှာ ဆိုလာပြားမီးများနှင့် ထင်း၊ မီးသွေးများကို အသုံးပြုနေရသည့်အတွက် အခက်အခဲများရှိနေကြောင်း ချောင်းနွယ်မင်းဂံကျေးရွာမှ ကိုဦးကျော်မောင်က DMG ကိုပြောသည်။

“ကျွန်တော်တို့ရွာမှာ အခုထိလျှပ်စစ်မီးမရသေးဘူး။ မီးလင်းဖို့အတွက် ဆိုလာပြားတွေကိုပဲ အသုံးပြုနေရတယ်။ ထမင်း၊ ဟင်းတွေကိုတော့ ထင်း၊မီးသွေးတွေနဲ့ ချက်တယ်။ အခုက ထင်း၊ မီးသွေတွေကလည်းစျေးတက်နေတော့ အခက်အခဲရှိတာပေါ့” ဟု ၎င်းကဆိုသည်။

အလားတူ စစ်တွေမြို့နယ်၊ ဇော်မတက်ကျေးရွာတွင်လည်း လျှပ်စစ်မီးမရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်မတို့ရွာမှာလည်း အခုထိမီးမရသေးဘူး။ ရွာမှာမီးတိုင်တွေ လာစိုက်ထားတယ်။ လတ်တလော ဆိုလာမီးကိုပဲ အသုံးပြုနေရတယ်။ ဆိုလာပြားတွေမဝယ်နိုင်တဲ့ အိမ်တွေလည်းရှိတယ်။ အစိုးရကပေးတဲ့လျှပ်စစ်မီးမရတော့ ရွာသူရွာသားတွေ အခက်အခဲရှိတာပေါ့” ဟု ဇော်မတက်ကျေးရွာမှ မခင်သန်းဝင်းကပြောသည်။

စစ်တွေမြို့ သုံးဆောင်ကျေးရွာတွင် လျှပ်စစ်မီးရရှိသည်မှာ အချိန်တစ်နှစ်ကျော်ရှိခဲ့ပေမယ့် မီးပြတ်တောက်မှုများ မကြာခဏရှိနေကြောင်း ဒေသခံ ကိုစိုးမြင့်အောင်ကဆိုသည်။

စစ်တွေမြို့နယ်နှင့် ၁၀ မိုင်ပတ်လည်အတွင်းရှိ ကျေးရွာအချို့ လျှပ်စစ်မီးရရှှိရန် ကြန့်ကြာနေခြင်းနှင့်ပတ်သက်၍ DMG မှ ပြည်နယ်လျှပ်စစ်ရုံးသို့ သွားရောက်မေးမြန်းသော်လည်း ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်စာရင်းအရ ရခိုင်ပြည်နယ် (၁၇) မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆၅၂ ရွာတွင် ၂၄ နာရီအချိန်ပြည့် လျှပ်စစ်မီးမရသေးကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။

(ဓာတ်ပုံ - Myanmar Ministry Of Electricity And Energy)

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...