မုံးကိုး ဖောင်းဆိုင်ဘက် တိုက်ပွဲမှာ MNDAA ဘက်က တစ်ဦးကျ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ

မုံးကိုး ဖောင်းဆိုင်ဘက် တိုက်ပွဲမှာ MNDAA ဘက်က တစ်ဦးကျ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်အနီး စက်တင်ဘာလ ၅ ရက်နေ့ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် MNDAA ဘက်က တစ်ဦးကျ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရကြောင်း သိရသည်။

စစ်ကောင်စီဘက်က အင်အား ၂၀၀ ခန့်အသုံးပြုကာစစ်ကြောင်းသုံးကြောင်းခွဲပြီး ရှိကျိကြတောင်တန်းရှိ MNDAA တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်စဉ် MNDAA ဘက်က တစ်ဦးကျဆုံးခဲ့ပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်က အကျအဆုံးမသိရသေးကြောင်း ကိုးကန့်သတင်းတွင် ဖော်ပြထားသည်။

ဒေသခံတစ်ဦးကတော့ "မနေ့က ဖောင်းဆိုင်ရွာမှာကို တိုက်ပွဲဖြစ်တာ။ ဒီနေ့တော့ ခုထိ ငြိမ်နေတယ်။ မနေ့ကတော့ မနက် ၅ နာရီကနေ ညနေ ၄ နာရီလောက်အထိ လက်နက်ကြီးပစ်တယ်။ ရွာမှာ လက်နက်တော့ကျတယ်။ လူတွေ၊ အိမ်တွေထိတာတော့ မရှိဘူး။" ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုတိုက်ပွဲအပြီး စစ်ကောင်စီမှ ပြန်လည်ဆုတ်ခွာသွားသော်လည်း နှစ်ဦးနှစ်ဘက် ကြိုးကြားကြိုးကြား ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

Bum Shep

 
 

 

 

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...