မုံးကိုး ဖောင်းဆိုင်ဘက် တိုက်ပွဲမှာ MNDAA ဘက်က တစ်ဦးကျ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ

မုံးကိုး ဖောင်းဆိုင်ဘက် တိုက်ပွဲမှာ MNDAA ဘက်က တစ်ဦးကျ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်အနီး စက်တင်ဘာလ ၅ ရက်နေ့ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် MNDAA ဘက်က တစ်ဦးကျ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရကြောင်း သိရသည်။

စစ်ကောင်စီဘက်က အင်အား ၂၀၀ ခန့်အသုံးပြုကာစစ်ကြောင်းသုံးကြောင်းခွဲပြီး ရှိကျိကြတောင်တန်းရှိ MNDAA တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်စဉ် MNDAA ဘက်က တစ်ဦးကျဆုံးခဲ့ပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်က အကျအဆုံးမသိရသေးကြောင်း ကိုးကန့်သတင်းတွင် ဖော်ပြထားသည်။

ဒေသခံတစ်ဦးကတော့ "မနေ့က ဖောင်းဆိုင်ရွာမှာကို တိုက်ပွဲဖြစ်တာ။ ဒီနေ့တော့ ခုထိ ငြိမ်နေတယ်။ မနေ့ကတော့ မနက် ၅ နာရီကနေ ညနေ ၄ နာရီလောက်အထိ လက်နက်ကြီးပစ်တယ်။ ရွာမှာ လက်နက်တော့ကျတယ်။ လူတွေ၊ အိမ်တွေထိတာတော့ မရှိဘူး။" ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုတိုက်ပွဲအပြီး စစ်ကောင်စီမှ ပြန်လည်ဆုတ်ခွာသွားသော်လည်း နှစ်ဦးနှစ်ဘက် ကြိုးကြားကြိုးကြား ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

Bum Shep

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...