KNC ဥက္ကဋ္ဌ Dr. M Kawn La ကို စက်တင်ဘာလ ၁၀ ရက်နေ့ ရုံးထုတ်စစ်ဆေးမည်

KNC ဥက္ကဋ္ဌ Dr. M Kawn La ကို စက်တင်ဘာလ ၁၀ ရက်နေ့ ရုံးထုတ်စစ်ဆေးမည်

ဖမ်းဆီးတရားစွဲခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ Kachin National Congress (KNC) ပါတီ ဥက္ကဋ္ဌ Dr. M Kawn La ကို လာမည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Dr.M Kawn La ကို ပြီးခဲ့သော ဩဂုတ်လ ၂၅ရက်နေ့ နေပြည်တော်တွင် သူ၏ ကားအပါအဝင် စစ်ကောင်စီက ဖမ်းဆီးခံခဲ့ခြင်းဖြစ်ပြီးနောက် ပုဒ်မ ၅၀၅ (က) ဖြင့် တရာစွဲဆိုခဲ့ခြင်းဖြစ်သည်။

“လာမယ့် ၁၀ရက်နေ့မှာ စတင်ရုံးထုတ်မယ်လို့တော့သိရတယ်။ တရားလိုက ဘယ်သူဖြစ်တယ်။ ဘာကြောင့်ဖမ်းတယ်။ ရုံးထုတ်တဲ့ နေ့မှာဘဲသိရမယ်ထင်တယ်။ အခုကကျန်တာ ဘာမှမသိရသေးဘူး” ဟု KNC ပါတီ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

KNC ပါတီသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်၏ အစည်းအဝေးဖိတ်ခေါ်မှုများကိုလည်း တက်ရောက်ရန် ငြင်ဆန်ထားသောပါတီတစ်ခုဖြစ်ပြီး Kachin People’s Political Front-KPPF ကို ဖွဲ့စည်းမှုတွင် ပါဝင်နေသည့်အပြင် ကချင်စတိတ်ဆိုင်ရာ မူဝါဒဆိုင်ရာများကို ထုတ်ပြန်နေသောအဖွဲ့ဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် NLD ပါတီဝင်များကို ဖမ်းဆီးနေရာမှ ဒေါက်တာကောန်လသည် တိုင်းရင်းသားပါတီမှ ပထမဆုံး ဖမ်းဆီးခံရသူဖြစ်သည်။

သူသည် ၁၉၄၇ ပင်လုံကတိကဝတ်ကိုအခြေခံသော နိုင်ငံရေးစနစ် ဖြစ်ပေါ်လာရေးအတွက် ဦးတည်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပေးနေသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...