KNC ဥက္ကဋ္ဌ Dr. M Kawn La ကို စက်တင်ဘာလ ၁၀ ရက်နေ့ ရုံးထုတ်စစ်ဆေးမည်

KNC ဥက္ကဋ္ဌ Dr. M Kawn La ကို စက်တင်ဘာလ ၁၀ ရက်နေ့ ရုံးထုတ်စစ်ဆေးမည်

ဖမ်းဆီးတရားစွဲခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ Kachin National Congress (KNC) ပါတီ ဥက္ကဋ္ဌ Dr. M Kawn La ကို လာမည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Dr.M Kawn La ကို ပြီးခဲ့သော ဩဂုတ်လ ၂၅ရက်နေ့ နေပြည်တော်တွင် သူ၏ ကားအပါအဝင် စစ်ကောင်စီက ဖမ်းဆီးခံခဲ့ခြင်းဖြစ်ပြီးနောက် ပုဒ်မ ၅၀၅ (က) ဖြင့် တရာစွဲဆိုခဲ့ခြင်းဖြစ်သည်။

“လာမယ့် ၁၀ရက်နေ့မှာ စတင်ရုံးထုတ်မယ်လို့တော့သိရတယ်။ တရားလိုက ဘယ်သူဖြစ်တယ်။ ဘာကြောင့်ဖမ်းတယ်။ ရုံးထုတ်တဲ့ နေ့မှာဘဲသိရမယ်ထင်တယ်။ အခုကကျန်တာ ဘာမှမသိရသေးဘူး” ဟု KNC ပါတီ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

KNC ပါတီသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်၏ အစည်းအဝေးဖိတ်ခေါ်မှုများကိုလည်း တက်ရောက်ရန် ငြင်ဆန်ထားသောပါတီတစ်ခုဖြစ်ပြီး Kachin People’s Political Front-KPPF ကို ဖွဲ့စည်းမှုတွင် ပါဝင်နေသည့်အပြင် ကချင်စတိတ်ဆိုင်ရာ မူဝါဒဆိုင်ရာများကို ထုတ်ပြန်နေသောအဖွဲ့ဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် NLD ပါတီဝင်များကို ဖမ်းဆီးနေရာမှ ဒေါက်တာကောန်လသည် တိုင်းရင်းသားပါတီမှ ပထမဆုံး ဖမ်းဆီးခံရသူဖြစ်သည်။

သူသည် ၁၉၄၇ ပင်လုံကတိကဝတ်ကိုအခြေခံသော နိုင်ငံရေးစနစ် ဖြစ်ပေါ်လာရေးအတွက် ဦးတည်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပေးနေသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

 
 

 

 

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...