ပြန့်ကျဲနေသော စစ်ကောင်စီစစ်တပ်အလောင်းများကို မြှုပ်ရန် ဒေသခံ စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ညှိနှိုင်း

ပြန့်ကျဲနေသော စစ်ကောင်စီစစ်တပ်အလောင်းများကို မြှုပ်ရန် ဒေသခံ စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ညှိနှိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲနှင့် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲအတွင် စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲတွင် သေဆုံးသွားသော စစ်ကောင်စီအလောင်းတွေကို မြှုပ်ရန် ဒေသခံ စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ညှိနှိုင်းခဲ့ရကြောင်း ကိုးကန့်သတင်းတွင် ဖော်ပြထားသည်။

သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ် အလောင်းများကို လမ်းဘေးတွင် ဖရိုဖရဲပစ်ထားခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၃ ရက်နေ့ ပန်ဆိုင်း (ကြူကုတ်) မြို့အထွက် နမ့်ဟူးဘက်‌ ချောင်းဘေးနားတွင်လည်း စစ်ကောင်စီတပ်သားတစ်ဦး အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဟုတ်တယ်။ တနေ့က စစ်သားအလောင်းတစ်လောင်း တွေ့တယ်။ ၃၀ ရက်နေ့က အကျန်ထင်တယ်။ အဲနေ့က ၂၀ လောက်သေတယ်" လို့ သူက ပြောပါတယ်။

သြဂုတ်လ ၂၈ ရက်‌နေ့ မှ ဩဂုတ်လ ၃၁ ရက်ရက်နေ့အထိ နယ်စပ်တစ်လျှောက် တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ သေဆုံးသူ အနည်းဆုံး ၈၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် တရုတ်နယ်စပ်ဖြစ်သော မုံးကိုး ဖောင်းဆိုင်ဒေသတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ကြား နေ့စဉ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...