ပြန့်ကျဲနေသော စစ်ကောင်စီစစ်တပ်အလောင်းများကို မြှုပ်ရန် ဒေသခံ စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ညှိနှိုင်း

ပြန့်ကျဲနေသော စစ်ကောင်စီစစ်တပ်အလောင်းများကို မြှုပ်ရန် ဒေသခံ စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ညှိနှိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲနှင့် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲအတွင် စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲတွင် သေဆုံးသွားသော စစ်ကောင်စီအလောင်းတွေကို မြှုပ်ရန် ဒေသခံ စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ညှိနှိုင်းခဲ့ရကြောင်း ကိုးကန့်သတင်းတွင် ဖော်ပြထားသည်။

သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ် အလောင်းများကို လမ်းဘေးတွင် ဖရိုဖရဲပစ်ထားခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၃ ရက်နေ့ ပန်ဆိုင်း (ကြူကုတ်) မြို့အထွက် နမ့်ဟူးဘက်‌ ချောင်းဘေးနားတွင်လည်း စစ်ကောင်စီတပ်သားတစ်ဦး အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဟုတ်တယ်။ တနေ့က စစ်သားအလောင်းတစ်လောင်း တွေ့တယ်။ ၃၀ ရက်နေ့က အကျန်ထင်တယ်။ အဲနေ့က ၂၀ လောက်သေတယ်" လို့ သူက ပြောပါတယ်။

သြဂုတ်လ ၂၈ ရက်‌နေ့ မှ ဩဂုတ်လ ၃၁ ရက်ရက်နေ့အထိ နယ်စပ်တစ်လျှောက် တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ သေဆုံးသူ အနည်းဆုံး ၈၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် တရုတ်နယ်စပ်ဖြစ်သော မုံးကိုး ဖောင်းဆိုင်ဒေသတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ကြား နေ့စဉ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

 
 

 

 

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...