ကန်ကြီးထောင့်တွင် ဒလန်အသတ်ခံရပြီးနောက် အဖမ်းအဆီးပိုကြမ်း၊ ဖမ်းခံရသည့်သည့်အထဲ မွေးကင်းစကလေးငယ်ပါဝင်

ကန်ကြီးထောင့်တွင် ဒလန်အသတ်ခံရပြီးနောက် အဖမ်းအဆီးပိုကြမ်း၊ ဖမ်းခံရသည့်သည့်အထဲ မွေးကင်းစကလေးငယ်ပါဝင်

ကန်ကြီးထောင့်မြို့တွင် ဒလန်အသတ်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီက အဖမ်းအဆီးပိုကြမ်းလာပြီး အဖမ်းခံရသည့်အထဲတွင် မွေးကင်းစကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်းသိရသည်။

ယနေ့ (သြဂုတ် ၃၀ ရက်) နံနက်ပိုင်းတွင် ကန်ကြီးထောင့်မြို့ ပိတောက်ပင်ကျေးရွာတွင် လမ်းပေါ်၌  မွေးကင်းစကလေးငယ်ကို ထိန်းကျောင်းနေသည့် အမျိုးသားကို ယင်းကလေးငယ်နှင့်အတူ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းအပြင် ကန်ကြီးထောင့်မြို့ပေါ်က အမျိုးသားတစ်ဦး၊ ကန်ကြီးထောင်မြို့ ပိတောက်ပင်ကျေးရွာက ကိုကျော်ဇင်ထွေး၊ ငဖြိုးနှင့် အမျိုးသမီးနှစ်ဦးလည်း အဖမ်းခံခဲ့ရသည်။

"မနက် ၁၁ နာရီခွဲလောက်မှာ အိမ်စီးကား ၂ စီး၊ စစ်တပ်ကား ၃ စီးနဲ့ ရွာထဲကို သူပုန်စီးသလိုပဲမောင်းဝင်လာကြပြီး ဖမ်းသွားတာ၊လမ်းပေါ်မှာ ကလေးထိန်းတဲ့လူရော သူ့ကလေးရောကိုဖမ်းသွားတယ်။ ပြီးတော့ အဖမ်းခံရတဲ့အထဲမှာပါတဲ့ ကိုကျော်ဇင်ထွေးရဲ့အိမ်က ပိုက်ဆံ ကျပ်တစ်သိန်းရှစ်သောင်းနဲ့ ကလေးနားကပ်ကိုပါ စစ်တပ်ကကောင်တွေက ယူသွားတယ်။ ဒလန်သေတာနဲ့ ပတ်ရမ်းနေကြတာ” ဟု ပိတောက်ပင်ကျေးရွာသား တစ်ဦးက ပြောသည်။

အဖမ်းခံရသူများသည် နိုင်ငံရေးနှင့်ပတ်သက်၍ သေသေချာချာ နားမလည်သူများ ဖြစ်သည့်အတွက် မည်သည့်အကြောင်းပြချက်နှင့် အဖမ်းခံသည်ကို မသိရှိဟု ၎င်းဒေသခံက ဆိုသည်။

သြဂုတ် ၂၉ ရက် နံနက် ၆ နာရီခန့်က ကန်ကြီးထောင့်မြို့ ဥယဉ်စုရပ်ကွက်တွင် နေထိုင်သည့် ဒလန်မောင်မြင့် သည်သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ရဲများသည် ကန်းကြီးထောင့်မြို့တွင် အကြောင်းမဲ့ဖမ်းဆီးမှုများကို အများအပြားလုပ်လာကြောင်း ဒေသခံများက ပြောသည်။

မောင်မြင့် အသတ်ခံရမှုနှင့် ပတ်သက်၍ ယင်းနေ့ မနက်ပိုင်းကပင် အမျိုးသား နှစ်ဦးနှင့်  အမျိုးသမီးတစ်ဦးကို ကန်ကြီးထောင့်မြို့နယ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခြားအမျိုးသား အမျိုးသားနှစ်ဦးကို ပုသိမ်တောင်ပေါ်ရှိ စစ်တပ်ဝန်းထဲတွင် လက်ရှိအချိန်ထိ စစ်ဆေးလျက်ရှိကြောင်း ဒေသခံ တစ်ဦးထံက သိရသည်။

ယနေ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူများကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးသည့်အပြင် မိသားစုအနေဖြင့်လည်း အဆက်အသွယ်မရသေးကြောင်း ဒေသခံများက ဆိုသည်။

ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...