ကန်ကြီးထောင့်တွင် ဒလန်အသတ်ခံရပြီးနောက် အဖမ်းအဆီးပိုကြမ်း၊ ဖမ်းခံရသည့်သည့်အထဲ မွေးကင်းစကလေးငယ်ပါဝင်

ကန်ကြီးထောင့်တွင် ဒလန်အသတ်ခံရပြီးနောက် အဖမ်းအဆီးပိုကြမ်း၊ ဖမ်းခံရသည့်သည့်အထဲ မွေးကင်းစကလေးငယ်ပါဝင်

ကန်ကြီးထောင့်မြို့တွင် ဒလန်အသတ်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီက အဖမ်းအဆီးပိုကြမ်းလာပြီး အဖမ်းခံရသည့်အထဲတွင် မွေးကင်းစကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်းသိရသည်။

ယနေ့ (သြဂုတ် ၃၀ ရက်) နံနက်ပိုင်းတွင် ကန်ကြီးထောင့်မြို့ ပိတောက်ပင်ကျေးရွာတွင် လမ်းပေါ်၌  မွေးကင်းစကလေးငယ်ကို ထိန်းကျောင်းနေသည့် အမျိုးသားကို ယင်းကလေးငယ်နှင့်အတူ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းအပြင် ကန်ကြီးထောင့်မြို့ပေါ်က အမျိုးသားတစ်ဦး၊ ကန်ကြီးထောင်မြို့ ပိတောက်ပင်ကျေးရွာက ကိုကျော်ဇင်ထွေး၊ ငဖြိုးနှင့် အမျိုးသမီးနှစ်ဦးလည်း အဖမ်းခံခဲ့ရသည်။

"မနက် ၁၁ နာရီခွဲလောက်မှာ အိမ်စီးကား ၂ စီး၊ စစ်တပ်ကား ၃ စီးနဲ့ ရွာထဲကို သူပုန်စီးသလိုပဲမောင်းဝင်လာကြပြီး ဖမ်းသွားတာ၊လမ်းပေါ်မှာ ကလေးထိန်းတဲ့လူရော သူ့ကလေးရောကိုဖမ်းသွားတယ်။ ပြီးတော့ အဖမ်းခံရတဲ့အထဲမှာပါတဲ့ ကိုကျော်ဇင်ထွေးရဲ့အိမ်က ပိုက်ဆံ ကျပ်တစ်သိန်းရှစ်သောင်းနဲ့ ကလေးနားကပ်ကိုပါ စစ်တပ်ကကောင်တွေက ယူသွားတယ်။ ဒလန်သေတာနဲ့ ပတ်ရမ်းနေကြတာ” ဟု ပိတောက်ပင်ကျေးရွာသား တစ်ဦးက ပြောသည်။

အဖမ်းခံရသူများသည် နိုင်ငံရေးနှင့်ပတ်သက်၍ သေသေချာချာ နားမလည်သူများ ဖြစ်သည့်အတွက် မည်သည့်အကြောင်းပြချက်နှင့် အဖမ်းခံသည်ကို မသိရှိဟု ၎င်းဒေသခံက ဆိုသည်။

သြဂုတ် ၂၉ ရက် နံနက် ၆ နာရီခန့်က ကန်ကြီးထောင့်မြို့ ဥယဉ်စုရပ်ကွက်တွင် နေထိုင်သည့် ဒလန်မောင်မြင့် သည်သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ရဲများသည် ကန်းကြီးထောင့်မြို့တွင် အကြောင်းမဲ့ဖမ်းဆီးမှုများကို အများအပြားလုပ်လာကြောင်း ဒေသခံများက ပြောသည်။

မောင်မြင့် အသတ်ခံရမှုနှင့် ပတ်သက်၍ ယင်းနေ့ မနက်ပိုင်းကပင် အမျိုးသား နှစ်ဦးနှင့်  အမျိုးသမီးတစ်ဦးကို ကန်ကြီးထောင့်မြို့နယ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခြားအမျိုးသား အမျိုးသားနှစ်ဦးကို ပုသိမ်တောင်ပေါ်ရှိ စစ်တပ်ဝန်းထဲတွင် လက်ရှိအချိန်ထိ စစ်ဆေးလျက်ရှိကြောင်း ဒေသခံ တစ်ဦးထံက သိရသည်။

ယနေ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူများကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးသည့်အပြင် မိသားစုအနေဖြင့်လည်း အဆက်အသွယ်မရသေးကြောင်း ဒေသခံများက ဆိုသည်။

Most read this week

December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...