ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံး

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံး

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ခူးပရာတောင်နဲ့ ဘီသူ (အထက်) ကျေးရွာအကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာတာကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တို့ ခုခံတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဖက် ၃ ဦးသေဆုံးတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဩဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ခန့်မှန်အင်အား ၁၂၀ ခန့်ဖြင့် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်မ (၆၆) က တော်လှန်ရေးပြောက်ကျားတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်ရန် စစ်ကြောင်းချီလာခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်မှ ၃ ဦး သေဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲဖြစ်ရာနေရာတွေမှာ စစ်အင်အားဖြည့်တင်းထားမှုရှိတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ KNDF က ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...