ဖရူဆိုတွင် IEC ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးကို စစ်အုပ်စုတပ် ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်

ဖရူဆိုတွင် IEC ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးကို စစ်အုပ်စုတပ် ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး ဝန်ထမ်းတစ်ဦးကို စစ်အုပ်စုတပ် ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်လိုက်သည်။

အဆိုပါ ကယ်ဆယ်ရေးဝန်ထမ်းမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ပြည်ထဲရေးဌာန၊ အရေးပေါ်ကယ်ဆယ်ရေး ဌာနခွဲမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး စစ်အုပ်စုတပ်၏ ဖမ်းဆီးရက်စက်စွာ သတ်ဖြတ်ခြင်း ကို ခံခဲ့ရကြောင်း အဆိုပါ ဌာနခွဲတာဝန်ရှိသူတစ်ဦးက ပြောသည်။

သတ်ဖြတ်ခံလိုက်ရသူမှာ အသက် ၂၆ နှစ်အရွယ် ခူးဖဲသူး ဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်နေ့တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသည့် စစ်အုပ်စုတပ်နှင့် ထိပ်တိုက်တွေ့ဆုံကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“စစ်ကြောင်းနဲ့တွေ့တော့ ပြန်ဆုတ်လို့မရတဲ့ အနေအထားတစ်ခုမှာ စစ်တပ်က ဖမ်းမိသွားတယ်။ စစ်တပ်က သူ့ကို မျက်လုံးတွေ အကုန်ထုတ်တယ်၊ ခေါင်းလည်း ရိုက်ခွဲလိုက်တာ” ဟု ဌာနခွဲတာဝန်ရှိသူတစ်ဦးက ပြော သည်။

ဖမ်းဆီးခံရစဉ် ခူးဖဲသူးနှင့်အတူ ပါသွားသည့် ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီနှင့် ဆေးပစ္စည်း အသုံးအဆောင် များကိုလည်း စစ်အုပ်စုတပ်က သိမ်းဆည်းသွားခဲ့သည်။

ကျဆုံးသွားသည့် ခူးဖဲသူး၏ ရုပ်အလောင်းကို ဩဂုတ်လ ၂၁ ရက်နေ့တွင် ပြန်လည်ရယူနိုင်ခဲ့ပြီး မိသားစုဝင်များ၊ IEC အရေးပေါ်ကယ်ဆယ်ရေး ဌာနခွဲမှ တာဝန်ရှိသူများနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ဩဂုတ်လ ၂၂ ရက်နေ့တွင် ဈာပန အခမ်းအနား ပြုလုပ်ကာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့သည်။

ခူးဖဲသူးသည် ၂၀၂၁ ခုနှစ် စစ်အုပ်စု တပ်မတော်က အာဏာမသိမ်းမီက ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အာဏာသိမ်း ပြီးနောက် CDM ပြုလုပ်ကာ တော်လှန်ရေးတွင် ပါဝင်လာခဲ့သူဖြစ်သည်။

၎င်းသည် ၂၀၂၅ ခုနှစ်မှစ၍ IEC အရေးပေါ်ကယ်ဆယ်ရေး ဌာနခွဲတွင် ပြည်သူ့ကယ်ဆယ်ရေး တာဝန်များကို တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့သည်။

ဓာတ်ပုံ - ပေးပို့

Most read this week

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...