ဒီးမော့ဆိုရှိ စာသင်ကျောင်း၌ ရေကျောက်ရောဂါ ကူးစက်မှုကြောင့် အတန်းများ ယာယီပိတ်ထားရ

ဒီးမော့ဆိုရှိ စာသင်ကျောင်း၌ ရေကျောက်ရောဂါ ကူးစက်မှုကြောင့် အတန်းများ ယာယီပိတ်ထားရ
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် KG နှင့် Grade-1 ကျောင်းသားများ ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားသူ များပြားနေသဖြင့် စာသင်အတန်းအချို့ကို ယာယီပိတ်ထားရသည်။

ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ ရေကျောက်ရောဂါ ကူးစက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းဆရာမများ နှင့် ကျောင်းသားများပါ ရောဂါကူးစက်ခံနေရသည်။

ကျောင်းဆရာမတစ်ဦးက “ဆရာမတယောက်လည်း ကူးစက်ခံရတယ်။ တစ်ပတ်လုံး ကျောင်းမလာနိုင်ဘူး။ ရေကျောက်ပေါက်တဲ့ ကလေးတွေကိုလည်း ကျောင်းမလာခိုင်းဘဲ အိမ်မှာပဲ နေခိုင်းတယ်” ဟု ပြောသည်။

အဆိုပါ ရောဂါကူးစက်ခံရသူများသည် မျက်နှာ၊ ကျော၊ လည်ပင်းနှင့် လက်တို့တွင် ယားယံစေသည့် အရည် ကြည်ဖုများ ဖြစ်ပွားနေကြခြင်း ဖြစ်သည်။

အဆိုပါ စာသင်ကျောင်းတွင် အတန်းတိုင်းလိုလို၌ ရေကျောက်ဖြစ်ပွားသူရှိနေပြီး KG တန်းတွင်မူ ကျောင်းသားဦး ရေ၏ တစ်ဝက်ကျော် ရောဂါကူးစက်ခံထားရသည်။ လက်ရှိအချိန်အထိ ရေကျောက်ဖြစ်ပွားသည့် ကျောင်းသား ၃၀ ဝန်းကျင်ရှိပြီး အသက် ၁၀ နှစ်အောက် ကလေးများတွင် ပိုမိုဖြစ်ပွားနေသည်။

ရေကျောက်ဖြစ်ပွားမှုကြောင့် ကျောင်းမတက်နိုင်သည့် ကလေးများအနေဖြင့် ပညာရေး နောက်ကျမှုများ ရှိလာ နိုင်သော်လည်း ရောဂါသက်သာ၍ ကျောင်းပြန်တက်ချိန်တွင် ဆရာ၊ ဆရာမများက သင်ခန်းစာများကို ပြန်လည်ဖြည့်ဆည်း သင်ကြားပေးသွားမည် ဖြစ်သည်။

အဆိုပါ ကျောင်းဆရာမက “အခုမှ ရေကျောက်စပေါက်တဲ့ ကလေးဆို တစ်ပတ်အတွင်းတော့ ပညာရေးက နောက်ကျအုံးမှာပဲ။ လာရင်လည်းတခြား လူကူးမှာလေ။ မလာရင်လည်း စာနောက်ကျတယ်။ ဒါပေမယ့် နောက်ကျလည်း ဆရာမတွေကတော့ စာပြန်ပေးမယ်တော့ ပြောထားတာပေါ့” ဟု ဆက် ပြောသည်။

အဆိုပါကျေးရွာသို့ ကျန်းမာရေးအဖွဲ့များက တစ်လတစ်ကြိမ် ကျန်းမာရေးဝန်ဆောင်မှု ပေးနေသလို ရေကျောက် ဖြစ်ပွားသူ အချို့မှာလည်း နီးစပ်ရာ ဆေးခန်းများတွင် ဆေးကုသမှု ခံယူနေကြပြီး သက်သာပျောက်ကင်းမှုများ ရှိလာကြောင်း ပြောဆိုသည်။

သို့သော်လည်း အချို့မှာမူ ရောဂါမသက်သာသေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

Most read this week

September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...