ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံး

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံး

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ခူးပရာတောင်နဲ့ ဘီသူ (အထက်) ကျေးရွာအကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာတာကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တို့ ခုခံတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဖက် ၃ ဦးသေဆုံးတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဩဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ခန့်မှန်အင်အား ၁၂၀ ခန့်ဖြင့် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်မ (၆၆) က တော်လှန်ရေးပြောက်ကျားတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်ရန် စစ်ကြောင်းချီလာခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်မှ ၃ ဦး သေဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲဖြစ်ရာနေရာတွေမှာ စစ်အင်အားဖြည့်တင်းထားမှုရှိတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ KNDF က ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...