လွိုင်ကော်မြို့တွင် စစ်ကောင်စီမှဖမ်းဆီးထားသူ ၁၁ ဦး ပြန်လည်လွတ်မြောက်

လွိုင်ကော်မြို့တွင် စစ်ကောင်စီမှဖမ်းဆီးထားသူ ၁၁ ဦး ပြန်လည်လွတ်မြောက်

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ ဖမ်းဆီးထားသူများအနက် ၁၁ ဦး ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လည်လွှတ်မြောက်လာတယ်လို့ သိရပါတယ်။

ပြန်လည်လွှတ်မြောက်လာသူများမှာ အမျိုးသမီး ၉ ဦး၊ အမျိုးသား ၂ ဦးတို့ဖြစ်ပြီး နာနာတောရပ်ကွက်မှ အမျိုးသမီး ၅ ဦး၊ မင်းစုရပ်ကွက်မှ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး၊ ရှမ်းပိုင်းမှ အမျိုးသမီး ၂ ဦးနဲ့ ဖရူဆိုမြို့မှ အမျိုးသား ၁ ဦးကို လွိုင်ကော်အကျဉ်းထောင်မှ ယမန်နေ့က ပြန်လည်လွှတ်ပေးလိုက်တာပဲဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တဲ့သပိတ်မှာ ပါဝင်သူတွေနဲ့ အကြောင်းမဲ့ဖမ်းဆီးခံရသူတွေ ဖြစ်ကြပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ရာမှ ဖမ်းဆီးခံရသူများ၊ နေအိမ်ထိ လာရောက်ဖမ်းဆီးခံရသူများ နဲ့ စစ်ကောင်စီရဲ့ အကြောင်းမဲ့ ဖမ်းဆီးခံရသူ ၁၀၀ ကျော်ရှိနေပြီး လက်ရှိမှာ ၁၁ ဦးသာ ပြန်လည်လွှတ်မြောက်တာပဲဖြစ်ပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ စစ်အာဏာဆန့်ကျင်ရေးလုပ်ရှားမှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ တရားစွဲဆို ဖမ်းဆီးခံရသူများအပါအဝင် ဖမ်းဆီးအကျဉ်းကျခံသူ ၂၃၀၀ ကျော်ကို ပြန်လည်လွှတ်ပေးတယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...