လွိုင်ကော်မြို့တွင် စစ်ကောင်စီမှဖမ်းဆီးထားသူ ၁၁ ဦး ပြန်လည်လွတ်မြောက်

လွိုင်ကော်မြို့တွင် စစ်ကောင်စီမှဖမ်းဆီးထားသူ ၁၁ ဦး ပြန်လည်လွတ်မြောက်

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ ဖမ်းဆီးထားသူများအနက် ၁၁ ဦး ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လည်လွှတ်မြောက်လာတယ်လို့ သိရပါတယ်။

ပြန်လည်လွှတ်မြောက်လာသူများမှာ အမျိုးသမီး ၉ ဦး၊ အမျိုးသား ၂ ဦးတို့ဖြစ်ပြီး နာနာတောရပ်ကွက်မှ အမျိုးသမီး ၅ ဦး၊ မင်းစုရပ်ကွက်မှ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး၊ ရှမ်းပိုင်းမှ အမျိုးသမီး ၂ ဦးနဲ့ ဖရူဆိုမြို့မှ အမျိုးသား ၁ ဦးကို လွိုင်ကော်အကျဉ်းထောင်မှ ယမန်နေ့က ပြန်လည်လွှတ်ပေးလိုက်တာပဲဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တဲ့သပိတ်မှာ ပါဝင်သူတွေနဲ့ အကြောင်းမဲ့ဖမ်းဆီးခံရသူတွေ ဖြစ်ကြပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ရာမှ ဖမ်းဆီးခံရသူများ၊ နေအိမ်ထိ လာရောက်ဖမ်းဆီးခံရသူများ နဲ့ စစ်ကောင်စီရဲ့ အကြောင်းမဲ့ ဖမ်းဆီးခံရသူ ၁၀၀ ကျော်ရှိနေပြီး လက်ရှိမှာ ၁၁ ဦးသာ ပြန်လည်လွှတ်မြောက်တာပဲဖြစ်ပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ စစ်အာဏာဆန့်ကျင်ရေးလုပ်ရှားမှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ တရားစွဲဆို ဖမ်းဆီးခံရသူများအပါအဝင် ဖမ်းဆီးအကျဉ်းကျခံသူ ၂၃၀၀ ကျော်ကို ပြန်လည်လွှတ်ပေးတယ်လို့ သိရပါတယ်။

 
 

 

 

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...