ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားတိုးမြှင့်ထား၊ စံပြ ၆ မိုင်မှာ ပစ်ခတ်မှုဖြစ်

ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားတိုးမြှင့်ထား၊ စံပြ ၆ မိုင်မှာ ပစ်ခတ်မှုဖြစ်

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့ စံပြ ၆ မိုင်ကျေးရွာမှာ ဒီကနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"တိုက်ပွဲတော့ဖြစ်နေတယ် ခုချိန်ထိ ဖြစ်နေတုန်းပဲ။ PDF အဖွဲ့တော့ ဆုတ်နေပြီလို့ကြားတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တော့ပစ်နေတုန်းပဲ ကြားနေရတယ်။ သူတို့က ၆ မိုင်ကိုလာတာ တပ်စွဲထားတဲ့ပုံစံမျိုး စစ်ကား ၃ စီးတွေ့တယ်" လို့ အနီးအနားက ဒေသခံတစ်ဦးက နံနက် ၉ နာရီ မိနစ် ၂၀ မှာပြောပါတယ်။

စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်နေတယ်လို့သိရပါတယ်။

ဒီကနေ့ နံနက်စောပိုင်း ၂ နာရီဝန်းကျင်မှာ လွိုင်ကော်မြို့ကနေ ဒီမော့ဆိုမြို့ကို သံချပ်ကာ ၂ စီး၊ စစ်ကား ၁၀ စီးနဲ့ အင်အားအများအပြား သွားတာတွေ့ရတယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။

ဒီမော့ဆိုမြို့နယ်အတွင်းမှာတော့ ပစ်ခတ်မှုတစ်စုံတစ်ရာ မရှိသေးဘူးလို့ သိရပါတယ်။

"လောလောဆယ် စစ်ကောင်စီက ၆ မိုင်မှာ ပစ်နေတယ်လို့ကြားတယ်။ ကျတော်တို့ သိရသလောက်ဆိုရင်တော့ ဒီမော့ဆိုကိုတော့ မရောက်သေးဘူးနဲ့တူတယ်။ လမ်းမှာလား ၆ မိုင်မှာပဲလား နှစ်ခုထဲက တစ်ခုပဲဖြစ်လိမ့်မယ်။ ဒီမော့ဆိုကိုတော့ မရောက်သေးတာ သေချာတယ်" လို့ ကရင်နီအမျိုးသားပြည်သူ့ကာကွယ်ရေးတပ်ရဲ့ သတင်းနဲ့ပြန်ကြားရေးက နံနက် ၉ နာရီ ၁၄ မိနစ်မှာ ပြောပါတယ်။

မေလ ၃၁ ရက်နေ့က ဒီမော့ဆိုမြို့မှာ KNDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နေ့စဥ် စစ်ကောင်စီတပ်ဖက်က လွိုင်ကော်အမြှောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံပြောဆိုချက်အရ သိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...