ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားတိုးမြှင့်ထား၊ စံပြ ၆ မိုင်မှာ ပစ်ခတ်မှုဖြစ်

ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားတိုးမြှင့်ထား၊ စံပြ ၆ မိုင်မှာ ပစ်ခတ်မှုဖြစ်

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့ စံပြ ၆ မိုင်ကျေးရွာမှာ ဒီကနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"တိုက်ပွဲတော့ဖြစ်နေတယ် ခုချိန်ထိ ဖြစ်နေတုန်းပဲ။ PDF အဖွဲ့တော့ ဆုတ်နေပြီလို့ကြားတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တော့ပစ်နေတုန်းပဲ ကြားနေရတယ်။ သူတို့က ၆ မိုင်ကိုလာတာ တပ်စွဲထားတဲ့ပုံစံမျိုး စစ်ကား ၃ စီးတွေ့တယ်" လို့ အနီးအနားက ဒေသခံတစ်ဦးက နံနက် ၉ နာရီ မိနစ် ၂၀ မှာပြောပါတယ်။

စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်နေတယ်လို့သိရပါတယ်။

ဒီကနေ့ နံနက်စောပိုင်း ၂ နာရီဝန်းကျင်မှာ လွိုင်ကော်မြို့ကနေ ဒီမော့ဆိုမြို့ကို သံချပ်ကာ ၂ စီး၊ စစ်ကား ၁၀ စီးနဲ့ အင်အားအများအပြား သွားတာတွေ့ရတယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။

ဒီမော့ဆိုမြို့နယ်အတွင်းမှာတော့ ပစ်ခတ်မှုတစ်စုံတစ်ရာ မရှိသေးဘူးလို့ သိရပါတယ်။

"လောလောဆယ် စစ်ကောင်စီက ၆ မိုင်မှာ ပစ်နေတယ်လို့ကြားတယ်။ ကျတော်တို့ သိရသလောက်ဆိုရင်တော့ ဒီမော့ဆိုကိုတော့ မရောက်သေးဘူးနဲ့တူတယ်။ လမ်းမှာလား ၆ မိုင်မှာပဲလား နှစ်ခုထဲက တစ်ခုပဲဖြစ်လိမ့်မယ်။ ဒီမော့ဆိုကိုတော့ မရောက်သေးတာ သေချာတယ်" လို့ ကရင်နီအမျိုးသားပြည်သူ့ကာကွယ်ရေးတပ်ရဲ့ သတင်းနဲ့ပြန်ကြားရေးက နံနက် ၉ နာရီ ၁၄ မိနစ်မှာ ပြောပါတယ်။

မေလ ၃၁ ရက်နေ့က ဒီမော့ဆိုမြို့မှာ KNDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နေ့စဥ် စစ်ကောင်စီတပ်ဖက်က လွိုင်ကော်အမြှောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံပြောဆိုချက်အရ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...