ဖရူဆိုမြို့အတွင်း ကားတစ်စီးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်

ဖရူဆိုမြို့အတွင်း ကားတစ်စီးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်

ယနေ့ မေလ ၁၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန်တွင် ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့၌ အတားအဆီးအဖြစ် ထားထားသော ပေပါပုံးများကို ကားတစ်စီးက ဝင်တိုက်မိရာ စစ်ကောင်စီတပ်များမှ ယင်းကားအား သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

ဝင်တိုက်မိခဲ့သောကားသည် အိမ်စီးကားအပြာရောင်ဖြစ်ပြီး အမျိုးအမည်နှင့် ကားပေါ်ပါရှိသူများမှာ ဘယ်သူဘယ်ဝါဖြစ်သည်ကို မသိရှိကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

"ပေပါပုံးကို ကားက တိုက်မိတယ်၊ ပြီးတော့ ကားကိုရပ်ခိုင်းတာ မရပ်ပဲ မောင်းပြေးသွားတယ်ပေါ့။ မောင်းပြေးတော့ အဲ့မှာ သေနတ်တွေဖောက်တယ်" လို့ ဖရူဆိုဒေသခံတစ်ဦးက ပြောပါသည်။

စစ်ကောင်စီတပ်များက သေနတ် ၁၀ ချက်ကျော်ပစ်ဖောက်ခဲ့ပြီး လူထိခိုက်မှုများ ရှိ/မရှိကိုမူ မသိရသေးပေ။

လက်ရှိ ဖရူဆိုမြို့အတွင်း ယခုကဲ့သို့ပစ်ခတ်မှုများကြောင့် ဒေသခံများ မိမိလုံခြုံရေးကိုရှေးရှုပြီး စစ်ကောင်စီတပ်များရှိသည့်နေရာများကို ရှောင်ကွင်းကာ သွားလာနေကြရကြောင်း ဖရူဆိုဒေသခံများက ဆိုပါသည်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...