ဖရူဆိုမြို့အတွင်း ကားတစ်စီးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်

ဖရူဆိုမြို့အတွင်း ကားတစ်စီးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်

ယနေ့ မေလ ၁၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန်တွင် ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့၌ အတားအဆီးအဖြစ် ထားထားသော ပေပါပုံးများကို ကားတစ်စီးက ဝင်တိုက်မိရာ စစ်ကောင်စီတပ်များမှ ယင်းကားအား သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

ဝင်တိုက်မိခဲ့သောကားသည် အိမ်စီးကားအပြာရောင်ဖြစ်ပြီး အမျိုးအမည်နှင့် ကားပေါ်ပါရှိသူများမှာ ဘယ်သူဘယ်ဝါဖြစ်သည်ကို မသိရှိကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

"ပေပါပုံးကို ကားက တိုက်မိတယ်၊ ပြီးတော့ ကားကိုရပ်ခိုင်းတာ မရပ်ပဲ မောင်းပြေးသွားတယ်ပေါ့။ မောင်းပြေးတော့ အဲ့မှာ သေနတ်တွေဖောက်တယ်" လို့ ဖရူဆိုဒေသခံတစ်ဦးက ပြောပါသည်။

စစ်ကောင်စီတပ်များက သေနတ် ၁၀ ချက်ကျော်ပစ်ဖောက်ခဲ့ပြီး လူထိခိုက်မှုများ ရှိ/မရှိကိုမူ မသိရသေးပေ။

လက်ရှိ ဖရူဆိုမြို့အတွင်း ယခုကဲ့သို့ပစ်ခတ်မှုများကြောင့် ဒေသခံများ မိမိလုံခြုံရေးကိုရှေးရှုပြီး စစ်ကောင်စီတပ်များရှိသည့်နေရာများကို ရှောင်ကွင်းကာ သွားလာနေကြရကြောင်း ဖရူဆိုဒေသခံများက ဆိုပါသည်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...