တပ်မတော်နှင့် KIA ရှမ်းမြောက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ

တပ်မတော်နှင့် KIA ရှမ်းမြောက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ
File photo: Kachin Independence Army, Hpakant, western Kachin State, Burma.
File photo: Kachin Independence Army, Hpakant, western Kachin State, Burma.

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၉ နယ်မြေ တီမာ (Dima) ကျေးရွာအနီးတွင် အစိုးရစစ်တပ်နှင့် KIA တပ်တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ယမန်နေ့ တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် တီမာကျေးရွာအနီးတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေသော အသက် ၅၀ ကျော်အရွယ် တရုတ်အမျိုးသားတစ်ဦး သေဆုံးသွားကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကတည်းက တပ်မတော် တပ်မ ၉၉ စစ်ကြောင်းများက KIA တပ်စခန်းသို့ ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများမှ သိရသည်။ သို့သော် အဆိုပါတိုက်ပွဲတွင် တပ်မတော်ဘက်မှ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဆိုသည်။

အလားတူ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် နေ့လယ် ၁ နာရီအချိန်တွင်လည်း တပ်မတာ်က တီမာ (Dima) ပြည်သူ့စစ်ကုန်းမှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများဆိုသည်။

မြန်မာစစ်တပ်သည် တီမာ (Dima) ကျေးရွာဘက်တွင် စစ်အင်အားတိုးချဲ့မှုများပိုမိုပြုလုပ်လာနေပြီး ယမန်နေ့က စစ်ကား ၅ စီးပို့ဆောင်ထားသည့်အပြင် ယနေ့တွင်လည်း ထပ်မံ ပို့ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ထိုသို့ တပ်မတော်ဘက်မှ စစ်အင်အားအလုံးအရင်း တိုးချဲ့လာသောကြောင့် ရှမ်းမြောက်တွင် တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

လက်ရှိ ရှမ်းမြောက် မြန်မာစစ်တပ်ဖြင့် ဖြစ်ပွားနေသောတိုက်ပွဲများတွင် KIA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သော TNLA၊ SSPP ၊ AA ၊ MNDAA တို့လည်း ပါဝင်သည်ဟု သိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း KIA တပ်မဟာ ၆ တပ်ရင်း ၃၈ နယ်မြေနှင့် တပ်ရင်း ၉ နယ်မြေတို့တွင် တပ်မတော်နဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

စစ်တပ် အာဏာသိမ်းလိုက်ပြီးနောက် ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာနေသည်။ ထို့အပြင် ဆန္ဒပြလူထုကို ရဲ နဲ့ စစ်တပ်မှ ဖြိုခွင်းရာတွင် KIA အနေဖြင့် ပါဝင်ပတ်သက်ခြင်းမပြုရန် တပ်မတော်ဘက်က သတိပေးမှုများ ရှိခဲ့သည်။

သို့သော် KIO သည် စစ်အာဏာရှင်ဖြတ်ချရေး လူထုဆန္ဒဖော်ထုတ်မှုများကို ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ထားသည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...