ဖမ်းဆီးခံ ပူတာအိုမှ လူငယ် ၅ ဦးကို အကျဉ်းထောင်သို့ပို့

ဖမ်းဆီးခံ ပူတာအိုမှ လူငယ် ၅ ဦးကို အကျဉ်းထောင်သို့ပို့

ပူတာအိုမြို့မှ ယမန်နေ့ည ဖမ်းဆီးခံထားရသည့် လူငယ်(၅)ဦးအား ပူတာအိုမြို့မရဲစခန်းမှ နမ့်ဖော့အကျဉ်းထောင်သို့ ရွှေ့ပြောင်းလိုက်ပြီဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ သိရသည်။

“ညတုန်းက ထိန်းသိမ်းထားတဲ့ မြို့မရဲစခန်းကနေ နမ်ဖော့အကျဉ်းဦးစီးထောင်ကို ရွှေ့လိုက်ပြီလို့သိရတယ်။ ရွှေ့တယ်ဆိုတာက ကျနော်တို့ပြည်သူတွေ ဒီနေ့အဲရဲစခန်းမှာ ဆန္ဒပြမယ်ဆိုတာတွေ ကြားထားလို့ထင်တယ် ရွှေ့လိုက်ပြီ။ မနေ့ည ဖမ်းသွားတာ အားလုံး(၉)ယောက်ဖမ်းသွားတယ်။ အဲလူငယ်(၅)ယောက်ကလွှဲပြီး ကျန်တဲ့(၄)ယောက်ကိုတော့ ခုဘဲလွှတ်ပေးလိုက်ကြပြီ။” ဆိုပြီး ဒေသခံတစ်ဦးကပြောသည်။

ယမန်ည ဖမ်းဆီးရာတွင် အဆိုပါလူငယ်(၅)ဦးအပြင် ခြံတွင်အတူရှိနေသည့်အပေါင်းအဖော်(၄)ဦး စုစုပေါင်း (၉)ဦးဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပူတာအိုမြို့တွင်း ဆန္ဒထုတ်ဖော်သည့်သူများအား ဖမ်းဆီးမူများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာသည့်အခြေနေများလည်း ရှိနေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဆန္ဒပြတဲ့သူတွေကို တစ်ရက်ပြီးတစ်ရက်လိုက်ကြည့်တယ် ဒီနေ့ဘယ်သူကခေါင်းဆောင်လဲဆိုတာကို လိုက်ကြည့်ကြတယ် အမှန်တော့ ခေါင်းဆောင်တော့မဟုတ်ဘူး ဆန္ဒပြတဲ့နေရာမှာ ပြည်သူတွေကိုစနစ်တကျလေးဖြစ်အောင်တန်းစီပေးတာမျိုး အဲမျိုးလူတွေကိုဆိုအဲနေ့အတွက် ခေါင်းဆောင်ဆိုပြီး စာရင်းယူတယ် အဲတော့ နာမည်တွေက ဒီနေ့မှာဘယ်သူ ဘယ်သူဆိုပြီးထွက်လာတာ အဲဒါကို နီးစပ်ရာကနေ ကျနော်တို့လည်း သတင်းကြားနေရတယ် ခုသတင်းထွက်တဲ့သူတွေလည်း အများကြီးရှိနေသေးတယ်။”ဆိုပြီး ဒေသခံတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံထားရသည့် လူငယ်(၅)ဦးအမြန်ဆုံးလွှတ်မြောက်နိုင်ရန်အတွက် ရှေ့နေများနှင့်သက်ဆိုင်ရာလူကြီးများမှ ဌာနဆိုင်ရာသို့ ဆက်သွယ်မူများလုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သိရသည်။

ပူတာအိုမြို့တွင်း ယခုကဲ့သို့ဖမ်းဆီးခံရမူများရှိနေသော်လည်း စစ်အာဏာရှင်အားဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲများသည် လူဦးရေပိုမိုများလာကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲအား ဖေဖော်ဝါရီလ(၈)ရက်နေ့မှ စတင်ကာ ဆန္ဒထုတ်ဖော်မူအား ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထိတွင် ၁၄ ကြိမ်မြောက်ရှိနေပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားမြို့တွင်း ဆန္ဒထုတ်ဖော်ရတွင် ဖမ်းဆီးခံသည့် ပြည်သူ(၁၀)ဦးကျော်ရှိခဲ့သော်လည်း PCG ၏ညှိနိူင်းပေးမူဖြင့် ပြန်လည်လွှတ်မြောက်လာပြီဖြစ်သည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...