အာဏာသိမ်းစစ်အစိုးရ၏ ကမ်းလှမ်းမှုကို KSPP ပါတီ ငြင်းဆို

အာဏာသိမ်းစစ်အစိုးရ၏ ကမ်းလှမ်းမှုကို KSPP ပါတီ ငြင်းဆို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် ပါတီအနေဖြင့် ကမ်းလှမ်းခံခဲ့ရသော်လည်း ငြင်းဆိုခဲ့ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ပါတီမှ ဒုဦးကွမ်ကရောင်အောင်ခမ်းကပြောသည်။

“ပထမ အာဏာသိမ်းပြီးချင်းကတော့ ဥက္ကဋ္ဌကိုကမ်းလှမ်းတာ ဒါကတော့နိုင်ငံတော်ကောင်စီအဆင့်အနေနဲ့ကမ်းလှမ်းလာတယ်။ ဒုတိယအဆင့်အနေနဲ့တော့ ပါတီတိုင်းကိုကမ်းလှမ်းလာခြင်းဖြစ်ပါတယ်။ နှစ်ခုစလုံးကို ကျနော်တို့အနေနဲ့လက်ခံခြင်းမရှိဘူး။ လက်မခံရတဲ့အကြောင်းရင်းကလဲ ခုလက်ရှိမှာအာဏာသိမ်းတဲ့အခြေနေမျိုးဖြစ်နေပါတယ်။ ကျနော်တို့အနေနဲ့ အာဏာသိမ်းတာဘဲဖြစ်ဖြစ် ထိန်းတာဘဲဖြစ်ဖြစ် လုံးဝလက်မခံနိုင်ပါဘူး။” ဟု  ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒု ဥက္ကဋ္ဌ-၂ ဦးကွမ်ကရောင်အောင်ခမ်းကပြောသည်။

ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် တိုင်းရင်းသားပါတီများအား နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းမူများရှိခဲ့သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံရေးအခင်းအကျင်းအား နိုင်ငံရေးနည်းလမ်းဖြင့် ညှိနိူင်းအဖြေရှာခြင်းမျိုးသာ လုပ်ဆောင်ရန် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင်လည်း တိုင်းရင်းသား ၅ပါတီမှ သဘောထားထုတ်ပြန်ထားသည်။

“ကျနော်တို့ပါတီ ၅ပါတီရဲ့သဘောထားကိုလည်း ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ကျနော်တို့ရဲ့သဘောထားက ပြည်သူလူထုတွေနဲ့တစ်သားတည်းဖြစ်ပါတယ်။ ခုလက်ရှိစစ်အာဏာရှင်စနစ်သွားတာကိုလည်း အားလုံးအမြန်ဖြေရှင်းဖို့လိုတယ် အဓိကတော့ တွေ့ဆုံစကားပြောဖို့လိုတယ် ဒီမိုကရေစီတွေအင်အားစုပါဝင်ဖို့လိုသလို စစ်တပ်ကလည်းပါဝင်ဖို့လိုတယ်။ နောက်တစ်ချက်ကတော့ တိုင်းရင်းသားအင်အားတွေလည်း အားလုံးတစ်ညီတစ်ညွှတ်တည်းပါဝင်ပြီးမှ ကျနော်တို့နိုင်ငံကို ၁၉၄၇ ခုနှစ်ပင်လုံစာချုပ်အရသွားတဲ့ဟာကို အကောင်အထည်ဖော်ဖို့လိုမယ်။” ဟု ပါတီ ဒု ဥက္ကဋ္ဌ-၂ ဦးအောင်ခမ်းက ပြောသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စစ်အာဏာသိမ်းမူ ဆန့်ကျင်သည့် ဆန္ဒပြပွဲများအား နေ့စဉ်ဆန္ဒထုတ်ဖော်လျှက်ရှိနေကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် တိုင်းရင်းသားအများစုကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊၁၉၄၇ ပင်လုံစာချုပ်ကတိကဝတ်အကောင်ထည်ဖော်ရေး အစရှိသည့် ပိုစတာ၊ ဆိုင်းဘုတ်များကိုင်ဆောင်လျှက် ဆန္ဒထုတ်ဖော်မူများရှိနေသည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...