ဝိုင်းမော် KIA တပ်စခန်းတစ်ခုကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်

ဝိုင်းမော် KIA တပ်စခန်းတစ်ခုကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်

ဝိုင်းမော်မြို့နယ်အရှေ့ဘက် ဝါးရှောင်ကျေးရွာအနီးတွင်ရှိသော ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ ရှေ့တန်းစခန်းတစ်ခုကို ဇန်နဝါရီလ ၇ ရက်နေ့ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

နန်ဇော်တွင်အခြေချနေသော တပ်မတော် ခမရ ၃၈၉ ဟု ယူဆရသော စစ်ကြောင်းက KIA ၏ ရှေ့တန်းစခန်းဖြစ်သော Wa Shaga Bum ကို လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက် မနည်း ပစ်ခတ်ခဲ့သည်ဟု KIO သတင်းစာမျက်နှာတွင် ယနေ့အတည်ပြုထားသည်။

လက်နက်ကြီးပစ်ခတ်သည့်သတင်းကိုရရှိသော်လည်း အသေးစိတ်အချက်အလက်ကို မသိရှိရသေးကြောင်း KIO ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက KNG သတင်းဌာနကို ယနေ့ မနက်ပိုင်းက ပြောဆိုသည်။

နန်ဇော်အနီးတစ်ဝိုက်တွင် တောင်ယာလုပ်ကိုင်နေသော ပြည်သူများကလည်း ထိုလက်နက်ကြီးပစ်ခတ်သည့်အသံများကြောင့် ခေတ္တတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

ဝိုင်းမော် လမြန်-မုတ်ကြိတ်ဘက်မှ ဝင်ရောက်ရသော နန်ဇော်ကျေးရွာဘက်တွင် တပ်မတော်စစ်ကြောင်းက လှုပ်ရှားမှုများရှိလာသောကြောင့် ထိုနေရာတွင် တောင်ယာလုပ်ကိုင်နေသော ပြည်သူများကို စပါးအမြန်ရိတ်သိမ်းရန် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းကနေ KIA ဘက်က ပြောဆိုထားသည်ဟုလည်း စုံစမ်းသိရှိရသည်။

ဝိုင်းမော် KIA တပ်စခန်းတစ်ခုကို တပ်မတော်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ တိုက်ပွဲဖြစ်ပွားမှုများမရှိသော်လည်း နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာမှုများရှိနေသည်ဟု KIO ဘက်က ဆိုထားသည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...