ဝိုင်းမော် KIA တပ်စခန်းတစ်ခုကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်

ဝိုင်းမော် KIA တပ်စခန်းတစ်ခုကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်

ဝိုင်းမော်မြို့နယ်အရှေ့ဘက် ဝါးရှောင်ကျေးရွာအနီးတွင်ရှိသော ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ ရှေ့တန်းစခန်းတစ်ခုကို ဇန်နဝါရီလ ၇ ရက်နေ့ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

နန်ဇော်တွင်အခြေချနေသော တပ်မတော် ခမရ ၃၈၉ ဟု ယူဆရသော စစ်ကြောင်းက KIA ၏ ရှေ့တန်းစခန်းဖြစ်သော Wa Shaga Bum ကို လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက် မနည်း ပစ်ခတ်ခဲ့သည်ဟု KIO သတင်းစာမျက်နှာတွင် ယနေ့အတည်ပြုထားသည်။

လက်နက်ကြီးပစ်ခတ်သည့်သတင်းကိုရရှိသော်လည်း အသေးစိတ်အချက်အလက်ကို မသိရှိရသေးကြောင်း KIO ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက KNG သတင်းဌာနကို ယနေ့ မနက်ပိုင်းက ပြောဆိုသည်။

နန်ဇော်အနီးတစ်ဝိုက်တွင် တောင်ယာလုပ်ကိုင်နေသော ပြည်သူများကလည်း ထိုလက်နက်ကြီးပစ်ခတ်သည့်အသံများကြောင့် ခေတ္တတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

ဝိုင်းမော် လမြန်-မုတ်ကြိတ်ဘက်မှ ဝင်ရောက်ရသော နန်ဇော်ကျေးရွာဘက်တွင် တပ်မတော်စစ်ကြောင်းက လှုပ်ရှားမှုများရှိလာသောကြောင့် ထိုနေရာတွင် တောင်ယာလုပ်ကိုင်နေသော ပြည်သူများကို စပါးအမြန်ရိတ်သိမ်းရန် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းကနေ KIA ဘက်က ပြောဆိုထားသည်ဟုလည်း စုံစမ်းသိရှိရသည်။

ဝိုင်းမော် KIA တပ်စခန်းတစ်ခုကို တပ်မတော်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ တိုက်ပွဲဖြစ်ပွားမှုများမရှိသော်လည်း နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာမှုများရှိနေသည်ဟု KIO ဘက်က ဆိုထားသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...