ကချင်ပြည်နယ်တွင် မြေလွတ်မြေလပ် ဧက ၁၀ သန်းနီးပါး ကို ၅ နှစ်အတွင်းချပေးခဲ့

ကချင်ပြည်နယ်တွင် မြေလွတ်မြေလပ် ဧက ၁၀ သန်းနီးပါး ကို ၅ နှစ်အတွင်းချပေးခဲ့

NLD အစိုးရ ၅ နှစ်သာ သက်တမ်းအတွင်း ကချင်ပြည်နယ် မြေလွတ် မြေလပ် မြေရိုင်း လုပ်ပိုင်ခွင့်ချထားပေးသည့် မြေဧကပေါင်း ၁၀ သန်းနီးပါး (၉၇၁၅၄၃၁ ဧက) ရှိကြောင်း ကချင်ပြည်နယ် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ (SNU) ၏ ဒီဇင်ဘာလ ၁၉ ရက်နေ့ လူထုအမြင်ဖွင့် ပညာပေးအစီအစဉ် မှ သိရသည်။

၅ နှစ်တာ ကာလအတွင်း ဗဟိုအဆင့်ကော်မတီ (ပြည်ထောင်စု) တွင် လျောက်ထားသော ၂၈ ခုအား မြေဧကပေါင်း ၁၅၅၈၈၃၅ ဧက လုပ်ပိုင်ခွင့် အသုံးပြုခွင့်ပေးထားပြီး ပြည်နယ်အဆင့်ကော်မတီတွင်လျောက်ထားသော ၇၅၁ ခုကို မြေဧကပေါင်း ၈၁၅၆၅၈၆ ပေးထားသည်ဟု သိရသည်။

“အရင်တုန်းကတော့ ဗဟိုကော်မတီမှာ လျှောက်ပြီးတော့မှ စိုက်ပျိုးရေးတစ်ခုကိုဘဲ ဧကခွဲထားတယ်။ ဧက ၅၀အောက်ကို နေပြည်တော်၊ တိုင်းဒေသကြီးပြည်နယ်ကေ်ာမတီကိုဘဲ လုပ်ကိုင်ခွင့်ပြုထားတော့ ဧက ၅၀ အထက်မှန်သမျှဟာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓါတ်သတ္တုရော အစိုးရခွင့်ပြုတဲ့ ဥပဒေနဲ့ညီတဲ့ လုပ်ငန်းအားလုံးကိုဘဲ ဗဟိုကော်မတီမှာ လျှောက်ရတယ်။ ပြင်ဆင်တဲ့ ဥပဒေမှာတော့ ခွဲသွားတယ်။ ပြည်နယ်ကတော့ ဧက (၃၀၀၀) ထိခွင့်ပြုနိုင်ပြီး မွေးမြူရေးမှာလည်း ဧက(၅၀)ထိ ခွင့်ပြုနိုင်တယ်။” ဟု ကချင်ပြည်နယ် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းမြင့် က ပြောသည်။

သို့သော် ၂၀၁၈ ပြင်ဆင်လိုက်သည့် မြေလွတ် မြေလပ် မြေရိုင်း ဥပဒေသည် ဒေသခံတောင်သူများအတွက် နစ်နာမူရှိသော ဥပဒေဖြစ်နေကြောင်း မေတ္တာဖောင်ဒေးရှင်း အရပ်ဘက်အဖွဲ့အစည်းက ထောက်ပြပြောဆိုသွားခဲ့သည်။

အဆိုပါအဖွဲ့၏တွေ့ရှိချက်တွင် လုပ်ငန်းရှင်များအနေနဲ့ လုပ်ပိုင်ခွင့်အမြန်ရရှိကြသော်လည်း ဒေသခံတောင်သူများလျောက်လျှင် အချိန်ကြန့်ကြာခြင်း၊ ဒေသခံကျွဲနွားများ စားကျက်မြေဆုံးရူံးခြင်း၊ တောင်သူများ မိမိပိုင်ဆိုင်သောမြေတွင် လုပ်ကိုင်သော်လည်း ဥပဒေအရ ကျူးလွန်သူများဖြစ်နေခြင်း၊ ဥပဒေ နည်းဥပဒေများအရ တောင်သူများမြေနေရာလျှောက်ယူမူ ကျဉ်းသွားခြင်း စသည့် အချက်များစွာ ရှိနေကြောင်း မေတ္တာဖောင်ဒေးရှင်းမှ ဆရာမ ဘောက်ရာ က ဖော်ပြထားခဲ့သည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် လက်ရှိချိန်ထိ စိုက်ပျိုးမြေ ၉၀၁၀၆၉ဧက၊ မြေရိုင်း ၅၆၄၇၅၀၄ဧက၊ တောရိုင်း ၅၆၉၁၀၆၁ ဧက၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောမြေ ၇၄၆၂၉၂၇ဧက၊ စိုက်ပျိုးခြင်းမပြုနိုင်သောမြေ ၁၉၆၁၀၅၇ဧက မြို့မြေ ရွာမြေ ၆၈၉၄၀ဧက ရှိကြောင်း သက်ဆိုင်ရာဌနမှ သိရသည်။

ရာခိုင်နူန်းအားဖြင့် တစ်ပြည်နယ်လုံးတွင် မြေလွတ်မြေလပ်မြေရိုင်း မြေဧက ၅၂.၇၆% အများဆုံးဖြစ်ပြီး မြို့မြေ ရွာမြေသည် ရာခိုင်နူန်းအားဖြင့် ဝ.၃၀% နူန်း သာရှိသည်။

ကချင်ပြည်နယ် တွင် မြေဧကပေါင်း ၂၂၀၀၂၆၆၄ ဧကရှိပြီး လက်ရှိတွင် ခွင့်ပြုပေးခြင်းမရှိသေးသည့် မြေလွတ်မြေရိုင်းဧကပေါင်း ၁၁၆၀၈၆၆၅ ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် မြေလွတ် မြေလပ် ကျန်ရှိနေသေးသည့် ဒေသများမှာ ဆွမ်ပရာဘွမ် ဧကပေါင်း ၁၂သိန်းကျော်၊ အင်ဂျန်းယန် ၁၁သိန်းကျော်၊ ခေါင်လန်ဖူး ၁၀သိန်းကျော်၊ မိုးညှင်း ၈သိန်းကျော်၊ မြစ်ကြီးနား ၇သိန်း ၈သောင်းကျော်၊ ပန်နန်းဒင် ၇သိန်း ၇သောင်းကျော်၊ တနိုင်း ၅သိန်း ၈သောင်းကျော်၊ ပူတာအိုက ၅သိန်း ၃သောင်းကျော်၊ ဝိုင်းမော် ၄သိန်း ၈သောင်းကျော်၊ ဆော့်လော် ၄သိန်း ၃သောင်းကျော်၊ ချီဖွေ ၄သိန်း ၃သောင်းကျော်၊ မိုးကောင်း ၃သိန်းကျော်၊ ရှင်ဗွေယန် ၃သိန်းကျော် အသီးသီး ရှိကြောင်း ဆွေးနွေးပွဲတွင် တင်ပြသွားခဲ့သည်။

ကချင်ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ SNU (Sub-National Coordination Unit) သည် အစိုးရ၊ လုပ်ငန်းရှင်နှင့် အရပ်ဖက်အဖွဲ့အစည်းများပါဝင်သောအဖွဲ့ ဖြစ်သည်။

မြေလွတ် မြေလပ် မြေရိုင်းဥပဒေ စီမံခန့်ခွဲရေး ဥပဒေအား ၂၀၁၂ ခုနှစ်တွင်စတင်ပြဌာန်းခဲ့ပြီး ၂၀၁၇တွင် ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် ၂၀၁၈ စက်တင်ဘာလ ၁၁ ရက်နေ့ ထပ်မံပြန်လည်ပြင်ဆင်ခဲ့သည်။ အဆိုပါ ၂၀၁၈ ခုနှစ် ပြန်လည်ပြင်ဆင်ပြဌာန်းသော ဥပဒေသည် ဒေသခံများ၏ မူလမြေပိုင်ဆိုင်မှုကို ခြိမ်းခြောက်စေကြောင်း ထိုအချိန်က ကန့်ကွက်မှု များစွာရှိခဲ့သည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...