တိုင်းရင်းသားကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအသုံးစရိတ်အပြည့်မတင်နိုင်သေး

တိုင်းရင်းသားကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအသုံးစရိတ်အပြည့်မတင်နိုင်သေး

ကချင်ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ၂၅ ဦးအနက် ရွေးကောက်ပွဲအသုံးစရိတ်တင်သူ ၁၀ ဦးကျော်သာရှိသေးကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးသတ်မှတ်ရက်အမှီ တင်သွင်းရမည်ဖြစ်သည်ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။

“တိုင်းရင်းသား ကိုယ်စားလှယ်လောင်းတွေကိုတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့ထိ ပေးထားတယ်။ ခုလောလောဆယ်တော့ ပြည်နယ်မှာ ၁၀ယောက်ကျော်လာသွင်းနေကြပြီး မစုံသေးဘူး။ ကိုယ်စားလှယ်လောင်းတွေအားလုံး သတ်မှတ်ထားတဲ့ နေ့ထက်ကျော်လွန်ရင်တော့ အရည်အချင်းပျက်ယွင်းသူအဖြစ် ထည့်သွင်းကြေညာခံရမယ်။” ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများမှာ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ၆ ဦး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတွင် ၇ဦး၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ၇ဦး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၆ ဦး အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်ဦးရေ ၇၈၇၉၅၆ ဦးရှိသည့်အနက် မဲပေးသူ ၅၄၆၁၃၃ ဦးရှိပြီး ရာခိုင်နူန်းအားဖြင့် ၆၉.၃၁ ရာခိုင်နူန်းရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ မဲပေးသူများမှ မဲရုံတွင်ပေးသူ ၄၂၈၄၀၄မဲ၊ ကြိုတင်မဲ ၁၁၇၇၂၉မဲ၊ စုစုပေါင်း ၅၄၆၁၃၃ မဲရှိပြီး ၎င်းထဲမှ ပယ်မဲ ၁၃၀၆၃မဲ၊ ပျောက်မဲ ၃၁၂မဲ စုစုပေါင်း ၁၃၃၇၅မဲရှိကာ ခိုင်လုံမဲရရှိမူ စုစုပေါင်း ၅၃၂၇၅၈ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ ထုတ်ပြန်ထား သည်။

မဲထည့်ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုးများတွင် ရဝမ်တိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်ဦးရေ ၃၄၇၂၂ဦး ရှိပြီး မဲပေးသူဦးရေ ၂၆၂၅၉ဦး ရှိသသည့်အတွက် ရာခိုင်နူန်းအားဖြင့် ၇၅.၆၃ ရာခိုင်နူန်း၊ လီဆူတိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်ဦးရေ ၇၃၄၁၄ ရှိပြီး မဲပေးသူဦးရေ ၄၈၈၀၇ ရှိကာ ရာခိုင်နူန်းအားဖြင့် ၆၆.၄၈ ရာခိုင်နူန်း၊ ဗမာတိုင်းရင်းသားလူမျိုး ၄၆၈၈၅၂ ဦးရှိကာ မဲထည့်သူဦးရေ ၃၂၃၉၂၃ ရာခိုင်နူန်းအားဖြင့် ၆၉.၀၉ရာခိုင်နူန်း၊ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်ဦးရေ ၂၁၀၉၆၈ ရှိကာ မဲပေးသူ ၁၄၇၁၄၄ ရာခိုင်နူန်းအားဖြင့် ၆၉.၇၅ ရာခိုင်နူန်းရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ဦးရေ ၁၁၅၀၄၀၇ ရှိသည့်အနက် တိုင်းရင်းသားမဲဆန္ဒရှင်စာရင်းသည် ၇၈၇၉၅၆ ပါဝင် သည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...