မြန်မာစစ်တပ် နှင့် KIA ရှမ်းမြောက် ၂နေရာမှာ တိုက်ပွဲ ဖြစ်ပွား

မြန်မာစစ်တပ် နှင့် KIA ရှမ်းမြောက် ၂နေရာမှာ တိုက်ပွဲ ဖြစ်ပွား

မြန်မာစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား နိုဝင်ဘာ ၁၇ အင်္ဂါနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း နှစ်နေရာမှာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဒေသခံများဆိုပါသည်။

KIA တပ်ရင်း (၉) နယ်မြေ Nampati Bum (နမ္ပတီးဘွမ်)တောင်ပေါ် KIA တပ်ရင်း (၉) နှင့် မြန်မာစစ်တပ် တပ်မ (၈၈) လက်အောက် တပ်ဖွဲ့များကြား ဒေသစံတော်ချိန် နံနက် ၁၀နာရီကျော်မှ အချိန်အတော်ကြာသည်အထိ တိုက်ပွဲဖြစ်ပွားကာ မွန်းလွဲ ၂နာရီကျော်မှာ တစ်ကြိမ် Bang Hka ကျေးရွာအနီး တပ်မ (၉၉)တပ်ဖွဲ့ နှင့် KIA တပ်ရင်း (၃၆)ကြား အချိန်တို တိုက်ပွဲဖြစ်ပွားပါသည်။

“KIA တပ်မဟာ (၆) နယ်မြေအထဲမှာ ဖြစ်ပွားတာပါ။ KIA တပ်ရင်း (၉) တပ်ခွဲ (၂)နဲ့တော့ တပ်မ (၈၈)ကြား ဒီနေ့ မနက် ၁၀နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပွားတယ်။ KIA တပ်ရင်း (၃၆) တပ်ခွဲ (၆)ကတော့ ဒီကနေ့ မွန်းလွဲ ၂နာရီကျော် တပ်မ (၉၉)နဲ့ တိုက်ပွဲ ဖြစ်ပွားပါတယ်။ ဒီ နှစ်နေရာမှာ မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွားတာပါ” ဟု ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

နှစ်နေရာတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှု သတင်းကို မသိရသေးပါ။

တပ်မတော် တပ်မ (၈၈) နှင့် (၉၉) တပ်ဖွဲ့များ မူဆယ်ခရိုင် KIA တပ်မဟာ (၆) တပ်ရင်း (၉) နှင့် တပ်ရင်း (၃၆) နယ်မြေများတွင် နယ်မြေရှင်းလင်းရေး စစ်ဆင်လှုပ်ရှားနေခြင်းကြောင့် KIA နှင့်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်သည်။

နိုဝင်ဘာ (၈)ရက် ရွေးကောက်ပွဲနေ့ နှင့် ရွေးကောက်ပွဲ မတိုင်မီ နှစ်ဖက် တိုက်ပွဲ မရှိသော်လည်း ရွေးကောက်ပွဲ နောက်ပိုင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...