ချီဖွေမြို့နယ်တွင် ရွေးကောက်ပွဲကာလ တရားမမျှတမှုများ ဖြစ်ပွားဟုဆို

ချီဖွေမြို့နယ်တွင် ရွေးကောက်ပွဲကာလ တရားမမျှတမှုများ ဖြစ်ပွားဟုဆို

ကချင်ပြည်နယ် ချီဖွေမြို့နယ်မဲဆန္ဒနယ်များတွင် မဲပေးရာတွင် မတရားမှုများရှိခဲ့ကြောင်း NLD အမျိုးသားလွှတ်တော်နေရာအတွက်ယှဉ်ပြိုင်ခဲ့သူ ဦးဇောင်းဒိုင်ထံမှ သိရသည်။

“ပြည်သူတွေရဲ့မဲအနေဖြင့်ဆိုရင် ကျနော်တို့နိုင်တယ်။ ဒါပေမယ့် ပြည်သူတွေကို အတင်းအဓမ္မ ခြိမ်းခြောက်မှုတွေရှိနေတဲ့အတွက် ကျနော်တို့အတွက်အဆင်မပြေဘူး။ ချီဖွေအနီးတစ်ဝိုက်မှာဆို အားလုံးကျနော်တို့နိုင်တယ်။” ဟု ဦးဇောင်းဒိုင် က ပြောသည်။

ချီဖွေမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ဒီမိုကရေစီပါတီသစ်(ကချင်) NDP(K) ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ USDP ၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ LNUDP တို့ဖြစ်သည်။

အဆိုပါ ချီဖွေမြို့နယ်သည် နယ်ခြားစောင့်တပ် ဦးဇခုန်တိန့်ယိန်း၏ နယ်မြေဖြစ်ပြီး ဒီမိုကရေစီသစ်(ကချင်)ပါတီ အင်အားကောင်းသောနယ်မြေဖြစ်သည်။

ဒီမိုကရေစီပါတီသစ် (ကချင်) အနေဖြင့် မဲ မသမာမှုများနှင့် အတင်းအဓမ္မခြိမ်းခြောက်ခြင်းများ မရှိကြောင်း ပါတီ၏ ဥက္ကဌ ဦးတိန့်ဆောင် က ယခုလိုပြောသည်။

“အဲဒါကို ကျနော်တို့ဘာမှမကြားဘူး။ အဲဒီလိုလုပ်မှာလည်း မဟုတ်ဘူး။ ဥပဒေနဲ့ညှိစွန်းတဲ့အလုပ်မလုပ်ဘူး။ အရိုရှင်းဆုံးဘဲလုပ်တယ်။” ဟု ဒီမိုကရေစီသစ်ပါတီ (ကချင်) မှ ဥက္ကဌ ဦးတိန့်ဆောင်က ပြောသည်။

ချီဖွေမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် မဲရလဒ်များအား ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

သို့သော် ဒီမိုကရေစီပါတီသစ်(ကချင်) ဥက္ကဌ ဦးတိန့်ဆောင်၏ ပြောဆိုချက်အရ ဒီမိုကရေစီသစ်(ကချင်) သည် အမျိုသားလွှတ်တော်နှင့် ပြည်နယ် (၂)တွင် အားကောင်းနေကြောင်းပြောသည်။

အမျိုးသားလွှတ်တော်နေရာသည် ချီဖွေမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆော့လော်မြို့နယ်တို့ကို ပေါင်းထားသော အမှတ် ၉ မဲဆန္ဒနယ်ဖြစ်သည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...