မဲဆန္ဒရှင်များ မဲမထည့်ရသော်လည်း ၎င်းတို့၏ မဲ များ ကြိုတင်မဲထည့်ပြီးသားဖြစ်နေသည့် ငွေပျော်စံကျေးရွာတွင် NLD အနိုင်ရ

မဲဆန္ဒရှင်များ မဲမထည့်ရသော်လည်း ၎င်းတို့၏ မဲ များ ကြိုတင်မဲထည့်ပြီးသားဖြစ်နေသည့် ငွေပျော်စံကျေးရွာတွင် NLD အနိုင်ရ

မဲဆန္ဒရှင်တစ်ချို့ မဲမထည့်ရသေးသော်လည်း မိမိတို့ နာမည် မှတ်ပုံတင်ဖြင့် ကြိုတင်မဲထည့်ထားပြီးဖြစ်ခဲ့သည့် မြစ်ကြီးနား ငွေပျော်စံပြကျေးရွာ မဲရုံအမှတ်(၅၀) တွင် NLD ပါတီက အနိုင်ရရှိခဲ့သည်။

“ကျွန်တော် မဲထည့်ဖို့ဝင်လာတော့ ဟိုမှာ ကျွန်တော့်နာမည်နဲ့ မိဘနာမည်နှင့် မှတ်ပုံတင်နဲ့ ဆိုင်းလ်က ထိုးထားပြီးသားဖြစ်နေပြီ။ ဒါပေမဲ့ကျွန်တော်က မဲမထည့်ရသေးဘူး။ ကျွန်တော်က ပထမဆုံးမဲ လာထည့်တာဖြစ်တယ်။ သူတို့က ထည့်လို့မရတော့ဘူးပြောတော့ စိတ်ထဲမှာမပျော်တော့ဘူး။ ဒီလိုဘဲပြန်သွားလိုက်တယ်။” ဟု ငွေပျော်စံပြကျေးရွာဒေသခံ မဲဆန္ဒရှင်တစ်ဦးက ပြောသည်။

ထို့သို့ မဲထည့်ဖို့လာရာမှာ ကိုယ့်နာမည် ကိုယ့်မှတ်ပုံတင်နှင့် လက်မှတ်အတုများဖြင့် မဲထည့်ထားပြီးသားဖြင့်ကြုံခဲ့ရသော ပြည်သူများ ၂၀ ဝန်းကျင်ခန့်နှင့် ၎င်းတို့မသိသောသူတွေ ဘယ်လောက်ထိရှိသေးကြောင်း မသိရှိဟု ဆိုသည်။

“ကျွန်မကတော့ မဲထည့်တာ ကျန်တာထည့်လို့ရပေမဲ့ ရေးရာဝန်ကြီးမှာ မဲထည့်ခွင့်မရဘူး။ ထည့်ခွင့်မရတော့ စိတ်မချမ်းသာနဲ့ဘဲ ပြန်ခဲ့တာ။ ဘာဘဲဖြစ်ဖြစ် ကိုယ်က တိုင်းရင်းသားဆိုတော့ ကိုယ့်လူမျိုးကို ထည့်ဖို့ စိတ်အားထက်သန်တာပေါ့နော် မထည့်ရဘူးဆိုတော့ ပြန်ခဲ့တာ စိတ်တောင် နည်းနည်းတိုချင်သွားတယ်။”ဟု ငွေပျော်စံပြကျေးရွာမှ မဲဆန္ဒရှင်တစ်ဦးက ပြောသည်။

ငွေပျော်စံပြကျေးရွာ မဲရုံအမှတ် (၅၀) ၏ မဲရလဒ်မှာ ပြည်သူ့လွတ်တော် NLD – ၂၅၇ မဲ ၊ KSPP – ၉၁ မဲ ၊ ဒူးလေး – ၇၁ မဲ ၊ USDP – ၅၉ မဲ ၊ အမျိုးသားလွတ်တော် NLD – ၂၅၂ မဲ ၊ KSPP – ၉၁ မဲ ၊ USDP – ၁၀၈ မဲ နှင့် ပြည်နယ်လွတ်တော်မှာ NLD – ၂၄၁ မဲ ၊ KSPP – ၈၀ မဲ ၊ USDP – ၅၀ မဲ ၊ ဒူးလေး – ၉၁ မဲ ဖြင့် လွှတ်တော်သုံးနေရာစလုံး NLD အနိုင်ရရှိခဲ့သည်။

ငွေပျော်စံပြကျေးရွာတွင် စုစုပေါင်းအိမ်ခြေ ၄၀၀ ကျော်ရှိပြီး မဲလာရောက်ထည့်သူစုစုပေါင်း ၄၀၀ ကျော်သာရှိကြောင်းသိရသည်။

နောက်ဆုံးအခြေအနေအရ မြစ်ကြီးနားမြို့နယ်တွင် အမျိုသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် အမှတ် ၁ နှင့် ၂ တို့တွင် NLD ပါတီက သာ အနိုင်ရရှိခဲ့သည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...