ကွတ်ခိုင်စစ်ရှောင်တချို့ နေရပ်ပြန်အခြေချရေးအတွက်အခက်အခဲဖြစ်နေ

ကွတ်ခိုင်စစ်ရှောင်တချို့ နေရပ်ပြန်အခြေချရေးအတွက်အခက်အခဲဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖန်ငေါ့ကျေးရွာအနီးရှိ စစ်ဘေးရှောင်တရာကျော်သည်  မိမိနေရပ်ဒေသသို့ ပြန်လည်အခြေချနေထိုင်ရန်အတွက် အကူညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု သိရသည်။

တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့ကြား ၂၀၁၆  ဒီဇင်ဘာလမှ စတင်ပြီး ကျေးရွာအနီး တိုက်ပွဲတွေကြောင့် ဖန်ငေါ့ကျေးရွာကိုစွန့်ပြီး ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအုပ်စု မန်လွယ်ကျေးရွာအုပ်စု Bang Lim pa ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သို့သော်လည်း ထိုနေရာတွင် ၄ နှစ်တာစစ်ရှောင်အဖြစ်ခိုလှုံခဲ့စဉ် တာဝန်ခံခေါင်းဆောင်များ တစ်ဦးပြီးတစ်ဦး ၁၂ ဦး ထိတ်လန့်တကြား ဖျားနာပြီး ဆုံးသွားကြတာကြောင့် ကိုယ့်နေရပ်ကို ပြန်လာခြင်း ဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ ဦးဆောင်သူတွေ လူကြီးတွေ အလန့်တကြား သေဆုံးလာကြတော့ အဲ့နေရာမှာ ကျွန်တော်တို့မနေချင်တော့ဘူး။ ကျွန်မတို့လည်း အဖြေကိုရှာလို့မရဖြစ်နေတာ ဆေးခန်းနှင့်လည်း ဘယ်လောက်မှမဝေးတာကို ဆေးအပ်တစ်မျှင်တောင် မထိုးလိုက်ရဘဲ အလန့်တကြား သေဆုံးလာကြတာ။ ဒါကြောင့် ကျွန်မတို့စိတ်မှာလည်း အဲ့ဒီဒေသနေရာကို မလုံခြုံသလို ခံစားလာတယ်။ ဆက်လက်နေနေမယ်ဆိုရင် ဘယ်သူတွေကို ဆက်လက်ဆုံးရှုံးလာရမလဲပေါ့။ လက်နက်ခဲရမ်းကိုကြောက်လို့ ထွက်ပြေးပါတယ်ဆို အဲ့လို လက်နက်ခဲရမ်းတွေကြောင့်လဲမဟုတ်ဘဲ ဒီလို ထိတ်လန့်တကြား သေဆုံးလာကြတယ်။ အဲ့တာကို ကြောက်လို့ မြန်မြန်ပြောင်းရွှေ့ကြတယ်။ ခဏလေးတောင်မနေချင်တော့လို့ ဒီလိုမျိုး မိုးနဲ့ဆိုလည်း အမြန်ပြောင်းရွှေ့လိုက်ရတာဖြစ်တယ်။” ဟု စစ်ရှောင်ပြည်သူ ဒေါ်ဂျာဒွဲ ကပြောသည်။

အောက်တိုဘာ ၃၁ ရက်နေ့ ၎င်းတို့ မူလကျေးရွာအနီး တွင် မိုးကာတဲများဖြင့် ပြန်လည်နေရာယူအခြေချထားသည်ဟု ဆိုသည်။

နေရပ်ပြန် စစ်ရှောင်အိမ်ထောင်စု ၂၄ စု လူဦးရေ ၁၁၅ အတွက် နေအိမ်နှင့် အစားအသောက်များအတွက် ကူညီထောက်ပံ့မှုများစွာ လိုအပ်နေကြောင်း သိရသည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...