တောင်ပေါ်ဒေသနှင့် ကိုက်ညီမှုမရှိသော စာမေးပွဲကာလမြှင့်တင်မှု အမြန်ဆုံးဖျက်သိမ်းပေးရေး ဟားခါးမြို့တွင် ဆန္ဒထုတ်ဖော်

တောင်ပေါ်ဒေသနှင့် ကိုက်ညီမှုမရှိသော စာမေးပွဲကာလမြှင့်တင်မှု အမြန်ဆုံးဖျက်သိမ်းပေးရေး ဟားခါးမြို့တွင် ဆန္ဒထုတ်ဖော်

တောင်ပေါ်ဒေသနှင့် ကိုက်ညီမှုမရှိသော စာမေးပွဲကာလမြှင့်တင်မှု အမြန်ဆုံးဖျက်သိမ်းပေးရေးအတွက် ချင်းပြည်နယ် ဟားခါးမြို့တွင် ဇန်နဝါရီ ၂၆ ရက် နံနက် ၈နာရီမှ ၁ဝနာရီထိ ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

"ကျွန်တော်တို့ရဲ့ ဆန္ဒကို ထုတ်ဖော်ခြင်းပဲ ဖြစ်ပါတယ်၊ သူတို့ကို ပြုပြင်ပေးဖို့ တောင်းဆိုထားခြင်း ဖြစ်ပါတယ်၊ ပညာရေးဝန်ကြီးဌာနက အမြန်ဆုံး ပြုပြင်ပေးစေလိုပါတယ်၊တောင်ပေါ်ဒေသမှာရှိတဲ့ ဆရာ/ဆရာမ တွေရဲ့ အခက်အခဲတွေကိုလည်း ဝန်ကြီးဌာနအနေနဲ့ ကောင်းမွန်စွာ လေ့လာစေလိုပါတယ်၊ အခုတောင်းဆိုတာ မရရင် ကျွန်တော်တို့ အဆင့်ဆင့် လုပ်ဆောင်သွားမှာပါ"ဟု ဆန္ဒ ထုတ်ဖော်ရာတွင် ဦးဆောင်သူ မူလတန်းပြဆရာ ဦးသိန်းဇော်ဝင်းက ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် အခြေခံပညာစာမေးပွဲကာလ ပြင်ဆင်နောက်ဆုတ်ခြင်းကို ပြန်လည်ဖျက်သိမ်းပေးရေး၊လုပ်ငန်းခွင်အခြေပြု ပညာရေးမြှင့်တင်မှု ဖော်ဆောင်ပေးရေး၊ ဒီမိုကရေစီနှင့် ညီမျှသော စီမံခန့်ခွဲမှု ဖော်ဆောင်ရေး၊ ဆရာ/ဆရာမ များ၏လူမှုဘဝ မြှင့်တင်ရေး၊ သုတေသနကို အခြေမခံသော ပညာရေးစနစ် အလိုမရှိ၊ ဒေသ အခက်ခဲများကို လျစ်လျှူရှုသော ပညာရေးစီမံခန့်ခွဲမှု စနစ် အလိုမရှိ၊ တောင်ပေါ်ဒေသနှင့် ကိုက်ညီမှုမရှိသော စာမေးပွဲကာလမြှင့်တင်မှု အမြန်ဆုံးဖြတ်သိမ်းပေးရေး ၊ စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

"စာမေးပွဲကာလမြှင့်တင်မှု ကြောင့် ကျွန်တော်တို့ဒီဒေသအနေနဲ့ ကျောင်းထွက်နှုန်းလည်း ပိုများလာမယ်၊တောင်သူများတဲ့ဒေသဖြစ်တဲ့အတွက်လည်း နွေရာသီက တောင်ယာတွေမီးရှို့ပြီး ကိုယ့်လုပ်ငန်းကို လုပ်ကိုင်ချိန်လည်း ဖြစ်တဲ့အတွက် စီးပွားရေးအရလည်းထိခိုက်တာတွေရှိပါတယ်"ဟု  မူလတန်းပြဆရာ ဦးသိန်းဇော်ဝင်း က ပြောသည်။

တောင်တန်းဒေသတွင်ရှိနေသည့် ဆရာ/မ များနှင့် ကျောင်းသား/သူ များအတွက် အဆင်မပြေမှုကြောင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုဖြင့် ဟားခါးမြို့ရှိ ပညားရေးကောလိပ်ကျောင်းသားသမဂ္ဂ၊ အခြေံခံပညာကျောင်းဆရာ/မ များ၊ ဟားခါးကောလိပ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များနှင့်အတူ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဟားခါးမြို့ဂေါက်ကွင်းလမ်းခွဲမှ ပြည်တော်သာရပ်ကွက် ဝမ္မသူးမောင် အားကစားကွင်းထိ ကြွေးကြော်သံများနှင့်အတူ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...