ချင်းပြည်သူအားလုံး တည်းနိုင်မည့် ACSY ၏ အဆောက်အဦး ယခုနှစ်ကုန်ပိုင်းတွင် စတင်တည်းနိုင်မည်ဟုဆို

ချင်းပြည်သူအားလုံး တည်းနိုင်မည့် ACSY ၏ အဆောက်အဦး ယခုနှစ်ကုန်ပိုင်းတွင် စတင်တည်းနိုင်မည်ဟုဆို

All Chin Society Yangon ၏ အဆောက်အဦး ယခုနှစ် ကုန်ပိုင်းတွင် အပြီးစီးတည်ဆောက်မည်ဖြစ်ပြီး ချင်းပြည်သူအားလုံးလည်း နှစ်ကုန်ပိုင်းတွင် စတင်တည်းခိုနိုင်မည်ဖြစ်ကြောင်း All Chin Society Yangon ၏ ဥက္ကဌဟောင်း Peter Ngun Za Cung ကပြောသည်။

Peter Ngun Za Cung က “ဒီနှစ်ကုန်ပိုင်းလောက်ဆိုရင် ပြည်သူတွေလည်း တည်းလို့ရတော့မယ်၊ လက်ရှိဆောက်နေတဲ့ အဆောင်ကတော့ လာမယ့်လဆိုရင်တော့ ကျွန်တော်တို့ ပြီးလောက်ပြီထင်တယ်၊ တကယ်တန်းတော့ ကျွန်တော်တို့ ဒီအဆောက်အဦးတွေကို အောက်တိုဘာလလောက် အပြီးစီးလုပ်ဖို့ရည်မှန်းထားတယ်၊ ဒါပေမဲ့ လုပ်ငန်းတွေက တော်တော်နှေးတော့ နှစ်ကုန်ပိုင်းမှာပဲ အပြီးသတ်နိုင်မယ်” ဟု ပြောသည်။

လက်ရှိ All Chin Society Yangon ၏ခန်းမဆောင်တည်ဆောက်ရန် ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ပနက်တင်ပွဲနှင့် ACSY အမှတ်သားဖွင့်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း Peter Ngun Za Cung ကဆိုသည်။

All Chin Society Yangon ၏ အတွင်းရေးမှူး Peter Ngun Za Cung က “ခန်းမဆောင် ဆောက်ဖို့အတွက် ကျွန်တော်တို့ မနက်ဖြန် ၁၀ နာရီ အုတ်မြစ်ချ ဆုတောင်းပွဲလုပ်ဖို့ရှိတယ်၊ အုတ်မြစ်ချပွဲမှာ ဒုသမ္မတ ဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စု ဝန်ကြီး ဦးတင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦး မောင်မောင်အေးနှင့် ဌာနဆိုင်ရာ အကြီးအကဲတွေလာမယ်၊ ပြီးတော့ ကျွန်တော်တို့ကျောက်တိုင်ဖွင့်ပွဲလည်း လုပ်မယ်” ဟု ပြောသည်။

ယင်း ACSY ၏အဆောက်အဦးတည်ဆောက်ရန် ခန့်မှန်းငွေ ကျပ် သန်းပေါင်း ၁၅-၂၀ ထိခန့်မှန်းထားသော်လည်း လက်ရှိတွင် ရန်ပုံငွေအပြည့်အဝမရသေးကြောင်း Peter Ngun Za Cung ကပြောသည်။

Peter Ngun Za Cung က “ဒီဇိုင်းဆွဲထားတာတွေအကုန်လုံး ဒီနှစ်အတွင်း အပြီးဆောက်မယ်၊ ဒီအတွက် ဘတ်ဂျက် ခန့်မှန်းငွေ ကျပ်သန်းပေါင်း ၁၅ သန်းနှင့် ၂၀ ကြားမှန်းထားတယ်၊ ဒါပေမဲ့ တကယ်တန်းရှာနိုင်မယ်လားတော့ ပြောလို့မရသေးဘူး၊ လက်ရှိမှာတော့ အခုထိကျွန်တော်တို့ သိန်း ၅၀၀၀ ပတ်ဝန်းကျင်လောက်ပဲရသေးတယ်” ဟု ပြောသည်။

All Chin Society Yangon အဆောက်အဦး တည်ဆောက်မှုပြီးစီးပါက ကမ္ဘာတစ်ဝန်းရှိချင်းပြည်သူများ လိုအပ်သလိုအခမဲ့ တည်းခိုနိုင်မည်ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...